Home
မြန်မာသတင်း
မြောက်ကိုရီးယားစစ်သမီးအဖွဲ့ ဖျော်ဖြေပွဲ ဖျက်သိမ်းခဲ့သည့်အကြောင်းရင်း ထွက်ပေါ်
DVB
·
December 20, 2015
မြောက်ကိုရီးယား စစ်သမီးပေါ့ပ်ဂီတအဖွဲ့ မိုရမ်ဘွန်ရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲဖျက်သိမ်းခဲ့တဲ့ အကြောင်းရင်းကို Maxim သတင်းမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က သုံးသပ်ဖော်ပြပါတယ်။ တရုတ်နိုင်ငံအနေနဲ့ လက်ရှိကာလ အမေရိကန်နိုင်ငံနဲ့ အမျက်သင့်စရာ အခြေ အနေမျိုး မလိုလားချိန်မှာ မိုရမ်ဘွန်အဖွဲ့ရဲ့ သရုပ်ဖော်ပြကွက်တွေထဲမှာပါဝင်တဲ့ အမေရိကန်နိုင်ငံကို “ရည်မှန်းချက်ကြီးတဲ့ ၀ံပုလွေ” လို့ သုံးနှုန်းထားခြင်းနဲ့ ကိုရီးယားစစ်ပွဲဖြစ်စေဖို့ တိုက်တွန်းအားပေးတဲ့ သီချင်းစာသားတချို့ကို ပယ်ဖျက်ခိုင်းတာကြောင့် ဖြစ်ပုံရတယ်လို့ သုံးသပ်ထားတာပါ။ နာမည်ကြီး ဂါးဒီးယန်းသတင်းစာကတော့ မိုရမ်ဘွန်အဖွဲ့ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ လက်သပ်မွေးထားတဲ့ အဖွဲ့ဖြစ်ပြီး ပြုံယမ်းရဲ့ အလှပဆုံးအ ဆိုတော်တွေကို စုစည်းထားကာ ကွန်မြူနစ်အင်ပါယာကို ပြည်တွင်းမှာရော ပြည်ပမှာပါ ချဲ့ထွင်ချင်လို့ တရုတ်နဲ့ ချစ်ကြည်ရေးခရီးစဉ်တည်ဆောက်ချင်တာဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယား စစ်သမီးတေးဂီတအဖွဲ့ဟာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တ ရုတ်နိုင်ငံ ပေကျင်းမြို့တော် အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေပွဲ ၃ ပွဲ စီစဉ်ခဲ့ပေမယ့် ဖျော်ဖြေပွဲမတိုင်ခင် နာရီပိုင်းအလိုမှာပဲ တပွဲမှ မဖျော်ဖြေခဲ့ရပဲ ဒီဇင်ဘာ ၁၂ ရက်နေ့က အစီအစဉ်ဖျက်ခဲ့တာပါ။ မိုရမ်ဘွန် စစ်သမီးတေးဂီတအဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင် လက်သပ်ရွေးချယ်ထားတဲ့ တေးဂီတအဖွဲ့ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံမှာ အထူးရေပန်းစား လူကြိုက်များတဲ့ တေးဂီတအဖွဲ့ဖြစ်ပါတယ်။ စစ်သမီးအဖွဲ့၏ ဖျော်ဖြေပွဲတခု ရုပ်သံကြည့်ရှုရန်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024