မိကျောင်းလျှာကို လက်ဖြင့် စွန့်စားတို့ထိပြခဲ့သူ (ရုပ်သံ)

2.2K
အမေရိကန်စတန့်သမားတဦးရဲ့ မိချောင်းတကောင်ရဲ့ လျှာကိုတို့ထိပြခဲ့တဲ့ အနှေး ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာ အင်တာနက်ပေါ်မှာ ရေပန်းစားနေပါတယ်။
အသက် ၃၄ နှစ်အရွယ် ဂျက်ဆင်မက်ဒေါ်နယ်ဟာ မိချောင်းနားပန်းသမားတ ယောက်ဖြစ်ပြီး အဲလ်ဗစ်စ်အမည်ရ မိချောင်းရဲ့ ပါးစပ်ထဲကို အသည်းယားစဖွယ် လက်ကို ထိုးထည့်ကာ လျှာကို တို့ထိပြခဲ့ပြီး ပါးစပ်မပိတ်ခင်ပြန်ထုတ်ပြခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကော်လိုရာဒိုပြည်နယ်၊ မော်စကာအရပ်က “ကော်လိုရာဒိုမိ ချောင်းစခန်း”မှာ ရိုက်ကူးခဲ့တာပါ။
သူဟာ မိချောင်း “အဲလ်ဗစ်စ်”နဲ့ နှစ်ပေါင်းအတော်ကြာကတည်းက စတန့်ပြကွက် တွေလုပ်ခဲ့ဖူးပြီး ၂ ကြိမ်လောက် ကိုက်ခံရလုနီးပါးဖြစ်ဖူးခဲ့တယ်လို့ မက်ဒေါ်နယ်က ဟပ်ဖင်တန်ပို့စ်သတင်းကို ပြောပါတယ်။
“ဒီစတန့်စွန့်စားမှုကို ပထမအကြိမ်ကြိုးစားခဲ့တုန်းက ကျနော်တော်တော်ကို ထိတ် လန့်ကြောက်ရွံ့ခဲ့တယ်” လို့ သူက ပြောပါတယ်။
အမေရိကန်မိချောင်းမျိုးစိတ်တွေဟာ သက်တမ်းနှစ် ၅၀ ထိနေနိုင်ကြပြီး ကိုယ်အ လေးချိန်ပေါင် ၁၀၀၀ ကျော်ထိရှိကာ အလျား ၁၅ ပေထိ ရှိကြတယ်လို့ နေရှင်တယ်ဂျီအို ဂရပ်ဖစ်မဂ္ဂဇင်းရဲ့အဆိုအရ သိရပါတယ်။
မက်ဒေါ်နယ်က မိချောင်းတွေရဲ့ သွားတွေဟာ ၁ လက်မပတ်လည်ကို ပေါင် ၂၀၀၀ ကျော်ဖိအားရှိတာမို့ တကယ်လို့များ ကိုက်ခဲ့ရင် မိချောင်းရဲ့ ပါးစပ်ထဲမှာ ကိုက်ခဲ ထားလိမ့်မယ်လို့ ရှင်းပြပါတယ်။