A d v e r t i s e m e n t With Us

ထိုင်းတွင် ကမ္ဘာလှည့်ခရီးသည်တင်ယာဉ် တောင်စောင်းမှထိုးကျ၊ အနည်းဆုံး ၁၀ ဦး သေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်းမြို့တော်၊ ချင်းမိုင်မှာ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် တွေပါဝင်တဲ့ ဘတ်စ်ကားတစီးဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တခြားကားတစီးနဲ့ တိုက်မိခဲ့ပြီး တောင်အောက်ထိုးကျသွားလို့ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဲဒီခရီးသည်တင်ဘတ်စ်ကားဟာ တခြားယာဉ်တစီးနဲ့တိုက်မိခဲ့ပြီး တောင်စောင်း ကနေ ထိုးကျသွားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကားပေါ်မှာ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်စုစုပေါင်း ၂၅ ဦးပါဝင်ပြီး အသေအပျောက်ဦးရေ စာရင်းကို အတိအကျမသိရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။    

A d v e r t i s e m e n t With Us

More News
Up