A d v e r t i s e m e n t With Us

ခရစ္စတယ်ပဲလေ့စ် ရှယ်ယာများ အမေရိကန်လုပ်ငန်းရှင်များ ရယူရန် သဘောတူ

အင်္ဂလန် ပရီးမီးယားလိဂ် ခရစ္စတယ်ပဲလေ့စ် ကလပ် ရှယ်ယာအများစုကို အမေရိကန် ရင်းနှီးမြှုပ်နှံသူ ဂျော့ဟာရစ်နဲ့ ဒေးဗစ်ဘလစ်ဇာတို့က ရယူဖို့ သဘောတူညီလိုက်ပါတယ်။ တဦးစီက ပဲလေ့စ်ရဲ့ ရှယ်ယာ ၁၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာ ဖြစ်ပြီး  အသင်း ဥက္ကဋ္ဌ စတိဗ်ပဲရစ်နဲ့ အတူ အသင်းကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့နဲ့ ကလပ်ရဲ့ အနာဂတ်ကို ပုံဖော်ဖို့ ဂျော့နဲ့ ဒေးဗစ်တို့ သဘောတူညီလိုက်တာကို ၀မ်းသာတယ်လို့ သူက ပြောပါတယ်။ ၂၀၁၀ ကလပ်အသင်း ဒေ၀ါလီခံမယ့်အရေးကနေ ကူညီခဲ့သလို သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း အသင်းရဲ့ အစုရှယ်ယာအနည်းငယ်စီကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ နယူးဂျာစီ မာရ်နတ်လို့ အမည်ရတဲ့ ဟော်ကီအသင်းနဲ့ ဖိလစ်ဒဲဖီးယား 76er  ဘတ်စ်ကတ်ဘောအသင်းကို ပိုင်ဆိုင်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up