A d v e r t i s e m e n t With Us

ထုတ်ပယ်ခံ နည်းပြဘ၀မျိုးဖြင့် အဆုံးမသတ်ချင်ဟု ဗန်ဂါးလ်ပြော

ရာထူးက အထုတ်ခံရရင် ဂုဏ်သိက္ခာ အလွန်အမင်း ထိခိုက်မှာဖြစ်ပြီး မန်ယူအသင်းက ထုတ်ပယ်တာမျိုးနဲ့တော့ နည်းပြအလုပ်ကို အဆုံးမသတ်ချင်ပါဘူးလို့ မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က သတင်းထောက်တွေကို  ပြောကြားခဲ့ပါတယ်။ ဗန်ဂါးလ်ဟာ မန်ယူအသင်းကို ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲမရှိသေးဘဲ ချန်ပီယံလိဂ်မှာလည်း  ၁၆ သင်းရှုံးထွက်အဆင့်ကို မတက်ရောက်နိုင်ခဲ့လို့ ဖိအားတွေ ရင်ဆိုင်နေရတာပါ။ အထုတ်ခံရပြီး ဘောလုံးလောကကို နုတ်ဆက်ရတာဟာ သူ့အတွက် တော်တော်လေး စိတ်ပျက်ဖွယ်ရာ ဖြစ်ပါလိမ့်မယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။ သူနဲ့ မန်ယူရဲ့ စာချူပ်သက်တမ်းတာ ၂၀၁၇ အထိ ရှိပေမယ့် မန်ယူက တာဝန်ရှိသူတချို့က ဘိုင်ယန်ကနေ ထွက်တော့မယ့် ဂွါဒီယိုလာကို ဆက်သွယ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ မန်ယူနည်းပြနေရာကို အန်ဆယ်လော့တီ၊ ဂွါဒီယိုလာတို့နဲ့အတူ ရေပန်းစာနေတာကတော့ လတ်တလော ချယ်ဆီးကနေ အထုတ်ခံခဲ့ရတဲ့ နည်းပြ မော်ရင်ဟို ဖြစ်ပါတယ်။ အားကစားသတင်းဌာန ESPN ကတော့  မော်ရင်ဟိုကို မန်ယူက လာမယ့် ရာသီအတွက် ကမ်းလှမ်းမှုရှိပြီး မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း အေးဂျင့်ဖြစ်သူကို ကိုးကားပီး သတင်းထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up