A d v e r t i s e m e n t With Us

ဟစ်ဒင့်ကို ချဲလ်ဆီးအသင်း နည်းပြအဖြစ် ခန့်အပ်

ချဲလ်ဆီးအသင်းဟာ နယ်သာလန်နိုင်ငံသား ဟစ်ဒင့်ကို နည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်လိုက်ကြောင်း အသင်းရဲ့ဝက်ဘ်ဆိုဒ်က ကြေညာထားပါတယ်။ ဒါဟာ သူရဲ့ ချဲလ်ဆီးအသင်းကို ဒုတိယအကြိမ် နည်းပြအဖြစ် ပြန်လည် တာဝန်ယူတာလည်းဖြစ်ပြီး အခု ပရီးမီးယား ရာသီကုန်အထိ တာဝန်ယူမှာ ဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဗီ၊ ဗလန်စီယာ၊ ရီရဲလ်မက်ဒရစ် စတဲ့ ကလပ်အသင်းတွေအပြင် နယ်သာလန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ရှရှား နဲ့ တူရကီလက်ရွေးစင် အသင်းတွေ ကိုလည်း ကိုင်တွယ်ဖူးသူဖြစ်ပါတယ်။ ချဲလ်ဆီးကို ၂၀၀၉  ခုနှစ်က ၅ လ တာဝန်ယူတုန်းက  ၁၇ ပွဲ နိုင် ၅ ပွဲ သရေ ၁ ပွဲရှုံး ရလဒ်တွေ ရခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up