A d v e r t i s e m e n t With Us

မယ်ကမ္ဘာ ၂၀၁၅ စပိန်မယ် ဆွတ်ခူး

တရုတ်နိုင်ငံ၊ ဆန်ညာမြို့မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ညက ကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ မယ်ကမ္ဘာပြိုင်ပွဲမှာ အသက် ၂၃ နှစ်အရွယ် စပိန်မယ် မာရီယာလာလာဂူနာရိုယိုက ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါဟာ ၆၅ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ မယ်ကမ္ဘာပြိုင်ပွဲမှာ စပိန်နိုင်ငံအတွက် ပထမ ဆုံးရရှိခဲ့တာလို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ ဘာစီလိုနာမြို့သူ မာရီယာလာလာဂူနာရိုယိုဟာ ဆေးဝါးဗေဒဘွဲ့ရရှိထားပြီး အာ ဟာရဗေဒဆိုင်ရာ မဟာဘွဲ့ကို ဆက်လက်တက်ရောက်ဖို့ ပြင်ဆင်နေသူ ဖြစ်ပါတယ်။ ရုရှားမယ် ဆိုဖီယာနစ်ကစ်ချတ်ခ်နဲ့ အင်ဒိုနီးရှားမယ် မာရီယာဟပ်ဖန်တီတို့က ဒုတိယနဲ့ တတိယနေရာ အသီးသီးရရှိခဲ့ကြတာပါ။ အခုနှစ်ကျင်းပတဲ့ မယ်ကမ္ဘာပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၁၀ ကျော်မှပြိုင်ပွဲဝင်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ကနေဒါမယ် အန်နာစတေရှာလင်းကို ပြိုင်ပွဲဝင်ဖို့ နိုင်ငံထဲ ၀င်ရောက်ခွင့် တားမြစ်ခံ ခဲ့ရပြီး လင်းကတော့ ဒီအကြောင်းပြချက်ဟာ သူ့အနေနဲ့ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အ ရေးချိုးဖောက်မှုဆိုင်ရာကိစ္စတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့ ဖြစ်နိုင်တယ်လို့ ပြောပါ တယ်။ ဓာတ်ပုံ - miss world  

A d v e r t i s e m e n t With Us

More News
Up