A d v e r t i s e m e n t With Us

ထိုင်းတွင် အခါတိုင်းရင်းသားတဦးကို စိတ်ကြွဆေးများဖြင့် ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာ ရာဘစိတ်ကြွဆေးတွေ  သယ်လာတဲ့ အခါ တိုင်းရင်းသားတဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့က အခါတိုင်းရင်းသားကို ထိုင်းအာဏာပိုင်တွေက သတင်းအရ မယ်ဆိုင်မြို့နယ်အတွင်းရှိ ပြောင်းဖူးခြံတခုမှာ စိတ်ကြွဆေး အလုံးရေ ၁၈၄၀၀၀ နဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်းမန်နေဂျာ အွန်လိုင်းသတင်းမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီ မူးယစ်ဆေးဝါတွေကို မြန်မာနိုင်ငံသား တဦးဆီကနေ အငှား သယ်ယူလာတာလို့ အဖမ်းခံရသူက ထွက်ဆိုခဲ့ပေမယ့် ဘယ်ကိုသွားပို့ရမယ်ဆိုတာကိုတော့ ထုတ်ဖော်မပြောသေးဘူးလို့ သတင်းမှာ ရေးထားပါတယ်။ သက်သေခံ ပစ္စည်းတွေဖြစ်တဲ့ မူးယစ်ဆေးဝါး၊ ဆိုင်ကယ် အပါအ၀င် စာရွက်စာတမ်းတချို့ကို သိမ်းဆည်းထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ထိုင်းဥပဒေအရ မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်ပြီးတော့ ပြစ်မှု ထင်ရှားပါက သေဒဏ်အထိ ကျခံနိုင်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up