ပဲခူးဆေးရုံကြီးကို ကုတင် ၅၀၀ အဆင့် တိုးမြှင့်

4.5K
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှာ အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုတင် ၂၀၀ ကနေ ကုတင် ၅၀၀ အဆင့် တိုးမြှင့်တဲ့ အခမ်းအနားကို ဇင်ဘာ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပဲခူးမြို့ အထွေထွေဆေးရုံကြီးမှာ အရင်က ဖျားနာ၊ ခွဲစိတ်၊ သာဖွားမီးယပ်၊ ကလေးရောဂါ၊ အရိုး၊ မေ့ဆေး၊ သွားရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်းလည်ချောင်း၊ စိတ်ကျန်မာရေး၊ မှုခင်းဆေးပညာ၊ ဓာတ်မှန် စတဲ့ အထူးကုဌာနများသာထားရှိနိုင်ခဲ့ပါတယ်။
အခု ကုတင် ၂၀၀ ကနေ ၅၀၀ အဆင့်ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်မှာဖြစ်တာကြောင့် ဦးနှောက်ခွဲစိတ်၊ ရင်ခေါင်းရောဂါ၊ ရင်ခေါင်းခွဲစိတ်၊ ကျောက်ကပ်ရောဂါအထူးကု၊ ကျောက်ကပ်ခွဲစိတ်အထူးကု၊ ကင်ဆာရောဂါအထူးကု စတဲ့ အထူးကု ဌာနတွေထပ်ပြီး တိုးလာမှာဖြစ်ပါတယ်။
အခုလို တိုးမြှင့်လိုက်တာကြောင့် ပဲခူးမြို့နဲ့ နီးစပ်တဲ့ က၀၊ သနပ်ပင်၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ကျောက်တံခါး၊ ရွှေကျင်၊ ဝေါ၊ မွန်ပြည်နယ် (သိမ်ဇရပ်) စတဲ့မြို့နယ်တွေက ဒေသခံပြည်သူတွေအနေနဲ့ ရန်ကုန်ဆေးရုံကြီးကို သွားစရာမလိုတော့ဘဲ အရည်သွေးမြှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုခံစားရတော့မယ်လို့ ပဲခူးမြို့ခံ ဦးမောင်ဝင်းက ပြောပါတယ်။
အဲဒီအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ တိုင်း၊ ခရိုင်၊ မြို့ နယ်က တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ - ကိုသားကြီး