A d v e r t i s e m e n t With Us

ဟစ်ဒင့် နှင့် ချဲလ်ဆီး ဆွေးနွေး

နယ်သာလန် နည်းပြဟောင်း ဂတ်စ်ဟစ်ဒင့်ကို ယာယီ နည်းပြအဖြစ် တာဝန်ယူပေးဖို့ အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးနေပါတယ်။ အသင်းရဲ့ ဆိုးဝါးတဲ့ ရလဒ်တွေကြောင့် ဒီဇင်ဘာ ၁၇ ရက်က နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်အပြီး အသင် ၆၉ နှစ်အရွယ် ဂတ်စ်ဟစ်ဒင့်နဲ့ လန်ဒန်က ဟိုတယ်တခုမှာ ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်ဒင့်ဟာ ဒီဇင်ဘာ ၁၉ ရက် ဆန်ဒါးလန်းအသင်းနဲ့ ကစားမယ့် ပွဲစဉ်ကိုတော့ တာဝန်ယူနိုင်ဖွယ် မရှိသေးသလို နည်းပြအဖွဲ့ဝင် အက်ဒီ နယူတန်နဲ့ စတိဗ် ဟော်လန်တို့က တာဝန်ယူမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေ ဖလားရယူပေးခဲ့တဲ့ ဟစ်ဒင့်ကို ချဲလ်ဆီးက ထုတ်ပယ်ခဲ့ပါတယ်။ ဟစ်ဒင့်ဟာ တောင်ကိုရီးယား၊ သြစတြေးလျ၊ ရုရှားအသင်းတွေကိုလည်း နည်းပြခဲ့ဖူးပါတယ်။ ချဲလ်ဆီးအသင်းက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်အထက် နံပါတ် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up