ရှမ်းတိုင်းရင်းသားများကို လိမ်လည်သည့် ထိုင်းဘုန်းတော်ကြီး ဗွီဒီယို ပျံ့နှံ့
DVB
·
December 19, 2015
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ထိုင်းဘုန်းတော်ကြီးတပါးဟာ ရှမ်းတိုင်းရင်းသားတွေကို လိမ်လည်ခဲ့တယ်ဆိုတဲ့အကြောင်း ထိုင်းလူမှုကွန်ရက်တွေမှာ သတင်းပျံ့နှံ့နေပါတယ်။
ဘုန်းတော်ကြီးဟာ ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့မှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေကို အမွေးနံ့သာ ပက်ဖြန်းပေးတဲ့နေရာမှာ ကျောက်မျက် ရတနာ ထွက်တယ်ဆိုတဲ့ လိမ်လည်မှု မှတ်တမ်း ဗွီဒီယိုဖိုင် ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
ရုပ်သံဖိုင်မှာတော့ ဘုန်းတော်ကြီးဟာ ဒကာ၊ ဒကာမတွေကို ခြုံထည်တခု တဖက်စီကနေ ကိုင်ခိုင်းပြီးနောက် သူ့သင်္ကန်းရုံထဲကနေ ကျောက်မျက်ရတနာတွေကို လက်တဖက်က ၀ှက်ယူပြီး သပြေခက်နဲ့ ရေဖလားထဲက အမွေးနံ့သာရည်ကို ပက်ဖြန်းတဲ့အချိန်မှာ ကျောက်မျက်ရတနာတွေကို လက်ကနေ တဖြည်းဖြည်းချင်း ပစ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဘုန်းတော်ကြီးဟာ ချင်းမိုင်မြို့ Pansao ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် တပါးဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။