Home
မြန်မာသတင်း
မြန်မာအမျိုးသမီးတဦးကို အဓမ္မကျင့်ခဲ့သည့် ထိုင်းလူငယ် ၄ ဦးကို ဖမ်းဆီး
DVB
·
December 19, 2015
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မှာ အသက် ၂၀ အရွယ်  မြန်မာအမျိုးသမီးတဦးကို ဓားပြတိုက် အဓမ္မပြုကျင့်ခဲ့မှုနဲ့  ထိုင်းလူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့ ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၆ ရက် မနက် ၅ နာရီ မိနစ် ၂၀ လောက်မှာ  အဆိုပါ လူငယ် ၄ ဦးဟာ မြန်မာ မိန်းကလေးဆီက ဘတ်ငွေ ၂ ထောင်ကို ဓားပြတိုက်လုယူကာ လူသူမနေတဲ့ အိမ်တလုံးဆီ  မော်တော်ဆိုင်ကယ်နဲ့ အတင်းခေါ်ဆောင်သွားပြီး မုဒိမ်းပြုကျင့်ခဲ့တာလို့  စမွတ်စခွန် ရဲတပ်ဖွဲ့အကြီးအကဲ ချိုင်ယွတ်သွမ်ယာက သတင်းမှာပြောပါတယ်။ ဖမ်းဆီးမိတဲ့ ထိုင်းနိုင်ငံသားတွေဟာ အသက် ၂၅ နှစ် အရွယ်တဦး၊ အသက် ၁၈ နှစ် အရွယ် ၂ ဦးနဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ပြန်လွတ်လာတဲ့  မြန်မာအမျိုးသမီးက  ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တဲ့အတွက်  ရဲက ထိုင်းလူငယ်တွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024