Home
အနုပညာ
အပြောင်းအလဲနဲ့ ကိုယ်ပိုင်ဟန်ကို ရှာတွေ့သွားတဲ့ မြန်မာ ရီဟားနား
DVB
·
December 18, 2015
သပြေနက်ရောင် နှုတ်ခမ်းနီနဲ့ တောက်ပလင်းလက်တဲ့ အကွက်ကြား အင်္ကျီကို ၀တ်ဆင်ပြီး အမွန်းက စင်မြင့်ပေါ်မှာ ကပြနေပါတယ်။ လူငယ်ပရိသတ်က တခဲနက် အားပေးနေသလို အသက် ၂၄ နှစ်အရွယ် အကသမားကလည်း သူ့ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး အကကို စတင်ကပြလိုက်ပါတယ်။ ဒီအချိန်မှာတော့ စတိတ်ရှိုးနောက်ပိုင်းမှာ ဦးဆောင်ဖျော်ဖြေမယ့် အမေရိကန်-ဂျမေကာ ရက်ပ်ပါ ရှောင်ကစ်စတန်ကို အားပေးတဲ့ အချိန်ကထက်ကို အားပေးသံတွေက နားပင်းလုမတတ် ကျယ်လောင်သွားပါတယ်။ အောက်တိုဘာလက ကျင်းပသွားတဲ့ Runway Gril လက်ရွေးစင် ဖက်ရှင်နဲ့ မြူးဇစ်ရှိုးကို မကြည့်ရရင်တော့ ဒီပွဲမှာ သီဆိုဖျော်ဖြေခဲ့တဲ့ နာမည်ကြီး ပေါ့ပ်အဆိုတော် အမွန်းကို သိမှာမဟုတ်ပါဘူး။ ရုပ်သံက ထုတ်လွှင့်ရာမှာတော့ သူဖျော်ဖြေတဲ့ အပိုင်းကို ဖြတ်ထားလိုက်ပါတယ်။ [caption id="attachment_127500" align="alignleft" width="683"]ဓာတ်ပုံ -  ANN WANG ဓာတ်ပုံ - ANN WANG[/caption]   သူ့ရဲ့တင်ဆက်မှုဟာ မတော်မရော်ဖြစ်တယ်လို့ ဆင်ဆာဘုတ်က စဉ်းစားခဲ့တဲ့အတွက် ဖြစ်တယ်လို့ အမွန်းက ရှင်းပြပါတယ်။ အ၀တ်အစားက ရမ္မက်ကြွစေတယ်လို့ ထင်မြင်မှတ်ယူတဲ့အတွက် စတိတ်ရှိုးမှာ ဆိုခွင့်မပြုဘူးလို့ ရန်ကုန်ကနေ စကိုက်ပ် (Skype) နဲ့ တဆင့်ဆက်သွယ်ရာမှာ အဆိုတော်က ပြောပါတယ်။ အရှေ့တောင်အာရှရဲ့ ရီဟားနားလို့ တခါတရံ ရည်ညွန်းပြောဆိုခံရတဲ့ အမွန်းက မြန်မာမှာတော့ လူသိများပါတယ်။ တချို့အချက်အလက်တွေကို ကြည့်လိုက်ရင်တော့ သူက သာမန် မြန်မာအမျိုးသမီးတဦး မဟုတ်ပါဘူး။ သူက ကချင်တိုင်းရင်းသူဖြစ်နေတာ၊ ဗုဒ္ဓဘာသာအများစု နေထိုင်တဲ့ မြန်မာမှာ ခရစ်ယာန် သင်းအုပ်ဆရာတဦးရဲ့ သမီး ဖြစ်နေပါတယ်။ ဒါ့အပြင် နာမည်ကြီး အဆိုတော်အများစုက ကော်ပီသီချင်းတွေကို ဆိုပြီး လူသိများနေတဲ့အချိန်မှာ သူ့ရဲ့သီချင်းတွေက ကိုယ်တိုင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဆိုတော် အမွန်းနဲ့ ရင်းရင်းနှီးနှီးနေထိုင်ပြီး ဒီနှစ်အတွင်း ရက်ပေါင်းများစွာ ဓာတ်ပုံ လိုက်ရိုက်ပေးတဲ့ ရန်ကုန်အခြေစိုက် ဓာတ်ပုံသတင်းထောက် အမ်ဝမ်ကတော့ အမွန်းက မြန်မာအမျိုးသမီးဖြစ်ပေမယ့် ကန့်သတ်နယ်နိမိတ်တွေကို တွန်းပယ်ပြီး ခေတ်ရေစီးကြောင်းသစ်ကို ဖန်တီးတယ်လို့ ပြောပါတယ်။ [caption id="attachment_127501" align="alignright" width="684"]ဓာတ်ပုံ - ANN WANG ဓာတ်ပုံ - ANN WANG[/caption] အဟောင်းနဲ့အသစ်ကို ရောစပ်ထားသလို အပြောင်းအလဲကာလ မြန်မာရဲ့ သင်္ကေတတခု ဖြစ်တယ်လို့ သူက ပြောပါတယ်။ အရင်က အပယ်ခံဖြစ်နေတဲ့ မြန်မာနိုင်ငံကို စစ်တပ်က နှစ် ၅၀ နီးပါး ဖိနှိပ်ချုပ်ချယ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ကာ နိုင်ငံတ၀န်း နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မြန်မာက အပြောင်းအလဲတွေနဲ့ လုံးလားထွေးလား အခြေအနေမှာ ရှိနေပါတယ်။ နိုဝင်ဘာလမှာ ၂၅ နှစ်အတွင်း ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး နိုဗယ်လ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတ၀န်း အောင်ပွဲခံခဲ့ပါတယ်။ အလားလာရှိတဲ့ တောက်ပတဲ့ အနာဂတ်တခုကို လမ်းကြောင်းပေးလိုက်သလို ဖြစ်နေပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက ခရီးသွားလုပ်ငန်းက ပိုမိုကြီးထွား ဖွံ့ဖြိုးလာသလို ပြင်ပကမ္ဘာ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေနဲ့ ထိတွေ့ဆက်ဆံမှုက ပိုမိုအားကောင်းလာပါတယ်။ ဒီအပြောင်းအလဲကလည်း ပေါ့ပ်ဂီတ အပါအ၀င် လူငယ် ယဉ်ကျေးမှု၊ ဂီတနဲ့ အနုပညာတွေအပေါ် လေးလေးနက်နက် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကော်ပီသီချင်းတွေကပဲ နိုင်ငံတွင်းမှာ ဖန်တီးတဲ့ ပေါ့ပ်သီချင်းတွေ ဖြစ်လာတယ်လို့ ဒေးလီးဘိတ်စ်က၂၀၁၂ ခုနှစ်မှာ  ရေးပါတယ်။ နိုင်ငံတကာမှာ ပေါက်နေတဲ့ ဘရစ်တနီစပီးယား၊ ဆလိုင်းဒီယွန်၊ တောင်ကိုးရီးယားအသည်းစွဲ ကေပေါ့ပ်အဖွဲ့တွေရဲ့ သံစဉ်တွေကို ပုံတူကူးထားပါတယ်။ အဆိုတော် ဖြူဖြူကျော်သိန်းကလည်း ဆယ်စုနှစ်များစွာ နိုင်ငံရေး အထီးကျန်မှုက မှောင်မိုက်အေးစက်တဲ့ ဂူထဲမှာ မြန်မာကို ပိတ်မိနေစေတယ်လို့ ၂၀၁၂ ခုနှစ်က ဆစ်ဒနီ မောနင်း ဟာရယ်ကို ပြောပါတယ်။ သူ့ရဲ့သီချင်းတွေလည်း ဆင်ဆာအဖြတ်ခံရသလို စာသားတွေကို ပြောင်းဖို့ မကြာခဏ ပြောတယ်လို့ ဖြူဖြူကျော်သိန်းက ဘလော့ဂ်ဂါ ဂျက်ဆီကာ မက်ဒစ်ကို ပြောပါတယ်။ ဒါပေမယ့် ဒီနေ့တော့ အခြေအနေတွေက လုံးဝ ခြားနားသွားပြီ ဖြစ်ပါတယ်။ ဆင်ဆာကလည်း လျှော့ပေးလိုက်ပါပြီ။ မီဒီယာအမျိုးမျိုးအတွက် တင်းကျပ်တဲ့ ဆင်ဆာ ဥပဒေတွေနဲ့ မြန်မာက သတ်မှတ်ပြဋ္ဌာန်းဖို့ ကြိုးစားခဲ့ပါတယ်။ သီချင်းနဲ့ ပတ်သက်လာရင်လည်း နိုင်ငံတွင်းမှာဖြန့်ချိမယ့် မူရင်းသီချင်းတွေအားလုံးဟာ ဆင်ဆာဘုတ်အဖွဲ့ရဲ့ အတည်ပြုချက်ကို ရယူရမှာ ဖြစ်ပါတယ်။ ဇွန်လ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာမီဒီယာက ဆက်လက်ပြီး စိုးရွံ့မှု အခြေအနေမှာ မွန်းကျပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိုးတက်မှုတွေလည်း ရှိနေပါတယ်။ စာသားနဲ့ပတ်သက်တဲ့ ဆင်ဆာတွေဟာ မကြာခင်နှစ်တွေက သိသိသာသာ ဖြေလျော့လာတယ်လို့ မြန်မာတိုင်းမ် အယ်ဒီတာ ဒေါ့ကလပ်စ်လောင်က ပြောပါတယ်။ ဒေသခံ အနုပညာသမားတွေက ကိုယ်ပိုင်ဂီတတွေကို ဖန်တီးရေးဖွဲ့လာပြီး ဖော်ထုတ်ခွင့်အတွက်  တဖြည်းဖြည်းနဲ့ နေရာရလာပါတယ်။ နိုဝင်ဘာလ လော့စ်အိုင်ဂျယ်လ်လိစ် တိုင်းမ်နဲ့ အင်တာဗျူးမှာ Side Effects အဖွဲ့က ခေါင်းဆောင် အဆိုတော် ဒါကိုစီက လူမှုရေးသတ်မှတ်ချက်တွေကို စိန်ခေါ်တဲ့အချိန်နဲ့ နိုင်ငံရေး အမြင်တွေကို ဖော်ထုတ်ရာမှာ သူတို့အဖွဲ့က ဂီတကို အသုံးပြုတဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီး ဂီတသမားတွေ ဘာအ၀တ်အစားတွေ ၀တ်ခွင့်ရှိတယ်၊ မရှိဘူးဆိုတဲ့ ဆင်ဆာအဖွဲ့က တားမြစ်ခဲ့တဲ့ အချိန်ကိုလည်း အမွန်းက ပြန်သတိရနေပါတယ်။ အရောင်ပါတဲ့ ဆံပင်တုတွေကိုတောင် ၀တ်လို့မရဘူးလို့ Me N Ma Girls လို့ နောက်ပိုင်းမှာ အမည်ပြန်ပေးခဲ့တဲ့ မြန်မာပထမဆုံး အမျိုးသမီး ပေါပ့်အဖွဲ့ တိုက်ဂါးဂဲလ်ရဲ့ အစောပိုင်းနေ့တွေ အကြောင်းကို အမွန်းက ပြန်ပြောင်းပြောဆိုပါတယ်။ မြန်မာမှာ ဘာလုပ်လုပ် ဆင်ဆာရှိနေသလို ဘာပဲဝတ်ဝတ် ဘာပဲပြောပြော ဆင်ဆာကို ထည့်တွက်ရတယ်လို့ သူက ပြောပါတယ်။ ရမ္မက် နှိုးဆွစေတဲ့သူဖြစ်လို့ မရသလို ယဉ်ကျေးမှုနဲ့ သင့်တင့်လျော်ညီမှ ရတယ်လို့လည်း ဆိုပါတယ်။ ၂၀၁၀ ခုနှစ် တိုက်ဂါးဂဲလ်အဖွဲ့ဝင်ဖြစ်ပြီးကတည်းက မြန်မာဂီတလောကရဲ့ နယ်နိမိတ်နဲ့ ဆင်ဆာအဖွဲ့ရဲ့ စိတ်ရှည်သည်းခံမှုကို ချဲ့ထွင်ဖို့ အမွန်းက ကြိုးစားနေပါတယ်။ ပထမဆုံး အမျိုးသမီး ပေါ့ပ်အဖွဲ့ဖြစ်တာနဲ့အညီ ဖွဲ့စည်းစဉ်က အဖွဲ့က တမူထူးခြားသလို အငြင်းပွားစရာလည်း ဖြစ်နေပါတယ်။ သူတို့ရဲ့ တမူထူးခြားတဲ့ မပေါ်တပေါ် ၀တ်စားမှုနဲ့ နှိုးဆွစေတဲ့ အကက ရှေးရိုးဆန်တဲ့ အသိုင်းအ၀ိုင်းအတွက် မြှူဆွယ်မှုတခုလို ဖြစ်နေပါတယ်။ ဒီအဖွဲ့က ကိုယ်ပိုင်သီချင်းတွေနဲ့ နိုင်ငံရေးအယူအဆပါတဲ့ သီချင်းတွေကိုလည်း ရေးဖွဲ့ခဲ့ပါတယ်။ အိမ်ကိုပြန်လာပါဆိုတဲ့ သီချင်းလေးကတော့ မြန်မာဒုက္ခသည်တွေအကြောင်း ရေးထားပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က အခုမှစတယ်လို့ အမွန်းက ဒေးလီဘိစ်ကို ၂၀၁၂ ခုနှစ်မှာ ပြောခဲ့ပါတယ်။ ကမ္ဘာကို မြန်မာရဲ့ ယဉ်ကျေးမှုကို ပြချင်သလို တိုင်းပြည်က ဆင်းရဲနောက်ပြန်သွားပြီး ပိတ်နေတာ မဟုတ်ဘူးဆိုတာကို သက်သေပြချင်တယ်လို့ အမွန်းက ပြောပါတယ်။ အရာအားလုံးက ပြောင်းလဲနေပြီလို့ လူတွေကို ပြချင်တယ်လို့ သူက ပြောပါတယ်။ အောက်တိုဘာလကလည်း ရန်ကုန် ဂရမ်း ရိုင်ရယ် ဟော်တယ်က ကမကထလုပ်တဲ့ ပွဲမှာလည်း အ၀တ်အစားကြောင့် စင်ပေါ်ကနေ ဆွဲထုတ်ခံရတယ်လို့ အမွန်းက မြန်မာတိုင်းမ်ကို ပြောဆိုခဲ့ပါတယ်။ မြန်မာက လူတွေက ဥရောပ ပေါပ့်စတားတွေဖြစ်တဲ့ ကေတီပယ်ရီ၊ ဘရစ်တနီစပီးယား ပရိသတ်တွေ ဖြစ်ပေမယ့် သူတို့ကိုတော့ စံနှုန်းတခု ခွဲထားတယ်လို့ ဆိုပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့် ဂီတနဲ့ အသက်မွေးဝမ်းကြောင်းပြုတာက မြန်မာမှာ စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။ ၀င်ငွေနည်းသလို ဒီလုပ်ငန်းမှာလည်း အခြေခံကျတဲ့  အဆောက်အဦတွေ သိပ်မရှိပါဘူး။ အရင်နှစ်က သီချင်းခွေသစ် ထုတ်ဝေရာမှာလည်း ဦးထုပ်တွေ အများအပြား အတင်းအကျပ် ၀တ်ဆင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခွေကနေ ၀င်ငွေအနည်းငယ်ရခဲ့ပြီး ပွဲတွေမှာ သီချင်းဆိုလို့ရတဲ့ အရာတွေကို ပြန်လည် ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ အန်ဝမ်ကတော့ အမွန်းဟာ မြန်မာနိုင်ငံက လက်ရှိ လူငယ်အများစုလိုပဲ  ဖြစ်အောင်လုပ်တတ်တဲ့ လူစားမျိုးဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာက လူအများစုက သင့်တော်တဲ့ သွန်သင်ညွှန်ပြတဲ့သူနဲ့ အင်စတီကျူးရှင်းမရှိပေမယ့် အလုပ်ဖြစ်အောင် လုပ်နေရသလို အင်တာနက် ယူကျူနဲ့ အနောက်နိုင်ငံ ရုပ်သံတွေကနေ လေ့လာသင်ယူနေတယ်လို့ ပြောပါတယ်။ အမွန်းကိုယ်တိုင်ကလည်း နည်းစနစ်ကျတဲ့ သင်တန်းကို မတက်ဖူးဘူးလို့ ဆိုပါတယ်။ [caption id="attachment_127502" align="alignleft" width="678"]ဓာတ်ပုံ - ANN WANG ဓာတ်ပုံ - ANN WANG[/caption] မိုက်ကယ်ဂျက်ဆင်နဲ့ ကြီးပြင်းခဲ့သလို သူကတဲ့ လှုပ်ရှားမှုကို ကြည့်ပြီး သူ့ရဲ့ဂီတကို နားထောင်ခဲ့တာက ပေါ့ပ်ဂီတနဲ့ အကကို လေ့လာသင်ယူခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်စာကိုလည်း အမေရိကန်ရုပ်သံနဲ့ ဇာတ်လမ်းတွေကို ကြည့်ပြီး သင်ယူခဲ့တာ ဖြစ်ပါတယ်။ အမွန်းကလည်း နိုင်ငံရပ်ခြားကို မကြာခဏဆိုသလို သွားရောက်လေ့ရှိပြီး ဒီခရီးစဉ်တွေအကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြလေ့ရှိပါတယ်။ တခါတလေ ဘန်ကောက် ဒါမှမဟုတ် လော့စ်အိန်ဂျယ်လိစ်မှာ ဂီတအတွက်နေဖို့ စဉ်းစားမိသလို အဲဒီမှာ ဆင်ဆာမရှိသလို လွတ်လပ်မှုတွေ ရှိတယ်လို့ အမွန်းက ပြောပါတယ်။ တခြားဆွဲဆောင်မှုတွေရှိနေပေမယ့် ရန်ကုန်ကို စွန့်ခွာသွားဖို့ မရှိဘူးလို့ ဆိုပါတယ်။ ဒီတိုင်းပြည်မှာ နေပေမယ့် အိပ်မက်ကြီးကြီးမက်လို့ရတယ် ဆိုတာကို ပရိသတ်တွေကို သိစေချင်တယ်လို့လည်း သူက ပြောပါတယ်။ ဒီရပ်တည်ချက်ကိုလည်း ၂၀၁၄ ခုနှစ်က မြန်မာဆိုတဲ့ သီချင်းထဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ မြန်မာမှာပဲ နေချင်သလို ဒီကနေ သီချင်းတွေကို  ကြိုးစားထုတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်လာပြီး မြေပုံပေါ်မှာ မြန်မာက ဘယ်မှာလဲဆိုတာ ပြောစရာလိုတော့မှာ မဟုတ်ဘူးလို့လည်း အမွန်းက တခစ်ခစ်ရယ်မောရင်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024