Home
မြန်မာသတင်း
မြန်မာ့အမွေအနှစ် ရှေးဟောင်းနေရာများ၌ ညစာစားပွဲလုပ်မှု တားမြစ်
DVB
·
December 18, 2015
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းအဆောက်အအုံတွေမှာ ညစာစားပွဲတွေ လုပ်ပြီး ခရီးသွားဝန်ဆောင်မှုတွေကို မပြုလုပ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက တားမြစ်လိုက်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရှိ မင်းလှခံတပ်မှာ Ground Logistics Manager Myanmar Hotels & Qurses Co.,Ltd. Road to Mandalayက နိုင်ငံခြားသား ဧည့်သည်တွေကို ရှေးခေတ်မင်းခမ်းမင်းနားပုံစံ ညစာစားပွဲလုပ်ပြီး ၀န်ဆောင်မှုပေးခဲ့တာကြောင့် မြန်မာ့ယဉ်ကျေးမှုနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တာကြောင့် နောင်မလုပ်ဖို့ တားမြစ်ခဲ့တာပါ။ အခြားဒေသအသီးသီးရှိ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ တွေမှာလည်း  အမျိုးဘာသာ၊ သာသနာ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ထိခိုက်စေနိုင်တဲ့  ညစာစားပွဲတွေကို ခွင့်မပြုဖို့၊  အထူးသဖြင့် မြန်မာ့တော်ဝင် မင်းညီမင်းသား၊ မှူးကြီးမတ်ရာတွေရဲ့  နန်းဝတ်နန်းစား၊ အဆောင်အယောင်၊ အပြင်အဆင်တွေနဲ့ ကြိုဆို ဧည့်ခံညစာစားပွဲ ကျင်းပခြင်းတွေ မလုပ်စေဖို့အတွက် ညွန်ကြားထားတယ်လို့  ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်မှာ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024