Homeမြန်မာသတင်း
ရေအိုးရွက်ဆိုင်ကယ်စီးစွမ်းရည်ပြခဲ့သည့် မမိစုနိုင်ကို ရခိုင်ပြည်နယ်အစိုးရ ဆုချီးမြှင့်
ရေအိုးရွက်ဆိုင်ကယ်စီးစွမ်းရည်ပြခဲ့သည့် မမိစုနိုင်ကို ရခိုင်ပြည်နယ်အစိုးရ ဆုချီးမြှင့်
DVB
·
December 18, 2015
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ရေအိုးအပြည့်ပါတဲ့ အိုးတွေကိုဆင့်ကာ ဦးခေါင်းပေါ်မှာ ရွက်ပြီး ထူးထူးခြားခြား ဆိုင်ကယ်စီးစွမ်းရည် ပြသခဲ့တဲ့ အမျိုးသမီး ဆိုင်ကယ်သမား မမိစုနိုင်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆုငွေကျပ် ၅ သိန်းချီးမြှင့်ခဲ့တယ်လို့ ယူနီယံဒေးလီးသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က (၄၁) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စွမ်းရည်ပြခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်တဲ့ဆုငွေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးက ပေးအပ်ခဲ့တာပါ။
ကျောက်ဖြူမြို့ စေတီတောင် ရပ်ကွက်မှာ နေထိုင်တဲ့ မမိစုနိုင်ဟာ ရေအပြည့်ဖြည့် ထားတဲ့ ရေအိုးလေးအိုးကိုခေါင်း ဖြင့်ရွက်ပြီး ကျောက်ဖြူမြို့ကို ပတ်ကာ ဆိုင်ကယ်စီးပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ကိုကျော်ဝင်း - ကြေးမှုံ