A d v e r t i s e m e n t With Us

အစိုးရသစ်လက်ထက် ဖြုတ်ထုတ်သတ် မူဝါဒ မရှိဟု ဒေါ်စုပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဲ့ အစိုးရသစ်ဟာ ကျောသားရင်သား ခွဲခြားမှာမဟုတ်လို့ ၀န်ထမ်းတွေအနေနဲ့  ကြောက်စရာမလိုကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စစ်တပ်ဘက်ကနေ ပြောင်းလာတဲ့သူ ဖြစ်ဖြစ်၊  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ လာတဲ့သူပဲ ဖြစ်ဖြစ် ခွဲခြားဆက်ဆံမှာ မဟုတ်သလို   ဖြုတ်ထုတ်သတ် မူဝါဒလည်း မရှိဘူးလို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ စည်ပင်ဝန်ထမ်းတွေနဲ့ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။ 12377852_801836669938287_4212795258442740278_oဒါပေမယ့် တချို့ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းတွေ ဖောင်းပွနေတာကို ကျစ်လစ်အောင် ပြန်လုပ်ဖို့နဲ့ ဝန်ထမ်းခန့်အပ်တဲ့အခါမှာ သေသေချာချာ စစ်ဆေးတာတွေကို လုပ်မယ်လို့ ပြောပါတယ်။ အများပြည်သူဆင်းရဲနေချိန်မှာ ကိုယ်ချမ်းသာနေတာ ဂုဏ်ယူစရာမဟုတ်ဘူး။ အဂတိလိုက်စားမှုတွေ ကင်းအောင် ဆောင်ရွက်တဲ့ နေရာမှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေအားလုံး  ၀ိုင်းဝန်းကူညီမှ အောင်မြင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up