ဘတ်သန်းချီ ထီပေါက်သည့် ထိုင်းဘုန်းတော်ကြီး

ဓာတ်ပုံ - Khaosod
2.6K
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ထွက်တဲ့ ထိုင်းထီကို ထိုင်းဘုန်းကြီးတပါးက ၂ စောင်တွဲ ပထမဆုကြီး ၄ စောင် ပေါက်သွားပါတယ်။ ၂ စောင်တွဲ တစောင်ကို ထိုင်းဘတ် ၆ သန်းရမှာဖြစ်တဲ့အတွက် ၄ စောင်စာအတွက် ထိုင်းဘတ် ၂၄ သန်း ရရှိမှာဖြစ်ပါတယ်။
ဘုန်းကြီးကတော့ အသက် ၃၄ နှစ်အရွယ် ဘန်ကောက်ဇာတိဖြစ်ပါတယ်။ ပထမ ဆုပေါက်တဲ့အကြောင်းကိုလည်း ချင်းမိုင်ခရိုင် ဒွိုင်လိုမြို့နယ် ရဲစခန်းမှာ အကြောင်းကြား ထားတယ်လို့ သိရှိရပါတယ်။ ကိုးကား - khaosod