ဖီဖာနှင့်ချိတ်ဆက်နေသည့် ဆွစ်ဘဏ် အကောင့် ၅၀ ပိတ်

617
ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နဲ့ ချိတ်ဆက်နေတဲ့ ဆွစ်ဘဏ်အကောင့် ၅၀ ကို ပိတ်သိမ်းလိုက်ပါတယ်။
အမေရိကန် အရာရှိတွေကတော့ အကျင့်ပျက်ခြစားမှု ငွေကြေးတွေက ပိတ်သိမ်းလိုက်တဲ့ အကောင့်တွေကနေ လွှဲပြောင်းရယူနေတယ်လို့ ယုံကြည်နေကြောင်း ဆွစ်တရားရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဒီထဲမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ ကနေ ၁၀၀ အထိ ရှိနိုင်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ဆွစ်ဘဏ် ၁၀ ခုက အကောင့် ၅၀ ကို ပိတ်သိမ်းဖို့အတွက် အမေရိကန်က ဆွစ်ဇာလန်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဖီဖာအဖွဲ့ဝင်အတော်များများရဲ့ ဘဏ်အကောင်ဟာ ဆွစ်ဇာလန်ဘဏ်မှာ ရှိနေတယ်လို့ ဆိုပါတယ်။