A d v e r t i s e m e n t With Us

ဒိုင်ယာနာနှင့် ချားလ်စ်မင်းသားတို့၏ မင်္ဂလာကိတ် ဒေါ်လာ ၄၀၀၀ ဖြင့် လေလံတင်

အမေရိကန်နိုင်ငံ၊ လော့စ်အင်ဂျလိစ်မြို့မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ပြုလုပ်တဲ့ လေလံပွဲတခုအတွင်း ဗြိတိန် တော်ဝင်မင်းသား ချားလ်စ်နဲ့ မင်းသမီး ဒိုင်ယာနာတို့ရဲ့ မင်္ဂလာကိတ်ကို အမေရိကန် ဒေါ်လာ ၄၀၀၀ (ပေါင် ၂၆၀၀) နဲ့ လေလံတင်ခဲ့ပါတယ်။ အဲဒီ မင်္ဂလာကိတ်မုန့်ဟာ နှစ်ပေါင်း ၃၄ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ကိတ်မုန့်တွင်း ပါဝင်ပစ္စည်းတွေနဲ့ ကောင်းစွာထိန်းသိမ်းထားနိုင်ခဲ့လို့ ခုချိန်ထိတိုင်အောင် စားလို့ရနေဆဲ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးရက်ကော့ဒ်သတင်းမှာ ဖော်ပြပါတယ်။ ကိတ်မုန့်ဘူးနဲ့အတူ တွဲပါတဲ့ စာရွက်ပေါ်မှာတော့ “တော်ဝင်မင်းသားနဲ့ ဝေလမင်းသမီးတို့မှ မေတ္တာမွန်ဖြင့်” ဆိုတဲ့ စာတွေ ရေးသားထားတာပါ။ လေလံစံအိမ်မှ ဆမ်ဟဲလာက “မင်းသမီး ဒိုင်ယာနာနဲ့ ချားလ်စ်မင်းသားတို့ မင်္ဂလာပွဲကို ကမ္ဘာတလွှား ရုပ်သံမီဒီယာတွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေကနေ ပရိသတ်တွေက ကြည့်ရှုခဲ့ကြရတာပါ။ ဒီကနေ့မှာတော့ မင်းသမီးရဲ့ နောက်ကြောင်းကို လူတွေအနေနဲ့ မသိနိုင်တော့ပါဘူး” လို့ ပြောပါတယ်။ “စုဆောင်းတဲ့သူတွေဟာ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး မင်္ဂလာပွဲတခုရဲ့ သမိုင်းအစိတ်အပိုင်းတခုကို ပိုင်ဆိုင်ချင်ကြမှာပဲ” လို့ သူက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up