ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ ကမာ့္ဘကလပ်များချန်ပီယံ ဖလားပြိုင်ပွဲမှာ စပိန် လာလီဂါ ဘာစီလိုနာက တရုတ် ဆူပါလိဂ်ချန်ပီယံ ဂွမ်ဇူးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
မက်ဆီနဲ့ နေမာတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့် ရှေ့တန်းတိုက်စစ်မှူး ဆွာရက်ဇ်က ဟက်ထရစ် ရယူပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ပထမပိုင်း ၃၉ မိနစ်မှာ ဆွာရက်ဇ်က အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မိနစ် ၅၀ နဲ့ ၆၇ မှာတော့ ဒုတိယဂိုးနဲ့ တတိယဂိုးကို အသီးသီးသွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၆ ရာခိုင်နှုန်းအထိ ရယူထားနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ ဘာစီလိုနာဟာ အာဂျင်တီးနားကလပ် ရေးဗားပလိပ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။