မော်ရင်ဟိုကို ချဲလ်ဆီးအသင်း ထုတ်ပယ်

Real Madrid's coach Jose Mourinho speaks during a news conference at the Amsterdam Arena stadium October 2, 2012. REUTERS/Robin van Lonkhuijsen/United Photos
1.3K
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းက နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်လိုက်ပါတယ်။
အသင်းနဲ့ မော်ရင်ဟိုတို့ ၂ ဦးသဘောတူ အပြန်အလှန် လမ်းခွဲလိုက်သလို အသင်းအတွက် လုပ်ဆောင်ပေးခဲ့တာကို ကျေးဇူးတင်တယ်လို့ ဒီဇင်ဘာ ၁၇ ရက် ချဲလ်ဆီးအသင်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။
နည်းပြသစ် မခန့်အပ်မချင်း ကလပ်အသင်းက နောက်ထပ် မှတ်ချက်ပေးသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
မော်ရင်ဟို အထုတ်ခံရတဲ့အပေါ် ကစားသမားတွေကို အပြစ်မတင်သင့်ဘူးလို့ နည်းပညာ ညွှန်ကြားရေးမှူး မိုက်ကယ် အီမန်နာလိုက ပြောပါတယ်။
မန်နေဂျာနဲ့ ကစားသမားအကြားမှာ သိသာထင်ရှားတဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
အရင်နှစ်ဘောလုံးရာသီက ဇယားထိပ် ၈ မှတ်အသာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံကို ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၆ ပွဲမှာ ၉ ပွဲရှုံးပြီး ဇယားနံပါတ် ၁၆ နေရာ တန်ဆင်းဇုန် အထက်မှာ ရပ်တည်နေပါတယ်။
ဒီဇင်ဘာ ၁၄ ရက် လက်စတာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ မော်ရင်ဟိုရဲ့ နောက်ဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ဇွန်မှာ မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို ဒုတိယအကြိမ် ပြန်လည် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာ၊ ဟစ်ဒင့်၊ ရာမိုစ်နဲ့ ဘန်ဒစ်ရော်ဂျာတို့ဟာ မော်ရင်ဟိုနေရာကို ဆက်ခံမယ့်သူတွေ အဖြစ် ရေပန်းစားနေပါတယ်။