A d v e r t i s e m e n t With Us

သြစတြေးလျတွင် တော်နေဒိုးမုန်တိုင်း စံချိန်တင်လေတိုက်နှုန်းဖြင့် တိုက်ခတ်

ဓာတ်ပုံ - ရိုက်တာ
သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်ရဲ့ မြို့တော် ဆစ်ဒနီမြို့ကို ဒီဇင်ဘာ ၁၆ ရက်နေ့က တော်နေဒိုးမုန်တိုင်းတခု စံချိန်တင်လေတိုက်နှုန်းနဲ့ ဖြတ်သန်းတိုက်ခတ်သွားပါတယ်။ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက ဆစ်ဒနီမြို့တောင်ဘက် ကာနယ်လ် (Kurnell) မြို့နယ်မှာ လေတိုက်နှုန်း တနာရီ ၁၃၂ မိုင်နှုန်းနဲ့ တိုက်ခတ်သွားပြီး လူ ၂ ဦး ဆေးရုံတင်ပို့လိုက်ရတယ်လို့ ဒေသခံ အရေးပေါ်ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။ အသေအပျောက်တော့ မရှိခဲ့ပေမယ့် လူနေအိမ် အနည်းဆုံး ၂၅ လုံး နေလို့မရအောင် ပျက်စီးခဲ့တယ်လို့ မြို့တော်အာဏာပိုင်တွေက ဆိုပါတယ်။ ကာနယ်လ်မြို့နယ်အတွင်း မူလတန်းကျောင်းတကျောင်းမှာ ကလေးငယ် ၁၈၀ လောက် ဘေးကင်းရာကို ကယ်တင်ခဲ့ရတယ်၊ ဆစ်ဒနီလေဆိပ်ကိုလည်း ပိတ်လိုက်ရတဲ့ အဆင့်အထိတော့ မဖြစ်ခဲ့ပေမယ့် လေယာဉ်ခရီးစဉ်တချို့ နှောင့်နှေးခဲ့ပါတယ်လို့ အေအက်ဖ်ပီ သတင်းတရပ်က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up