မော်ရင်ဟိုနေရာ အစားထိုးရန် ချဲလ်ဆီးအသင်း နည်းပြများကို ချိတ်ဆက်

ဓာတ်ပုံ - ရိုက်တာ
1.2K
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ နည်းပြ ဂျိုဆေး မော်ရင်ဟိုနေရာကို အစားထိုးဖို့အတွက် နည်းပြတော်တော်များများနဲ့ ချိတ်ဆက်နေပါတယ်။
ဒီလိုချိတ်ဆက်နေတဲ့အထဲမှာ နယ်သာလန်နည်းပြ ဂတ်စ်ဟစ်ဒင့်က ထိပ်ဆုံးက ဦးဆောင်နေသလို ဒီနောက်မှာတော့ စပိန် လာလီဂါ အက်သလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆိုင်မွန်တို့လည်း ပါဝင်နေပါတယ်။
ဒါ့အပြင် ရာမို့စ်၊ အယ်မာရီ၊ ရော်နယ်ကိုးမင်းတို့ကလည်း အဗရာမိုဗစ်ခ်ျ စဉ်းစားနေတဲ့ နည်းပြထဲမှာ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ရုန်းကန်နေရပြီး အမှတ်ပေးဇယားမှာတော့ တန်းဆင်းဇုန်အထက်မှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ လက်စတာအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက် နည်းပြ မော်ရင်ဟိုအပေါ် ဖိအားတွေ ပိုမိုကျရောက်နေပြီး အစားထိုးမယ့်သတင်းတွေ ထွက်ပေါ်နေပါတယ်။