A d v e r t i s e m e n t With Us

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ် အထိုးခံလိုက်ရသည့် စပိန်ဝန်ကြီးချုပ် (ရုပ်သံ)

ဒီဇင်ဘာ ၂၀ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ စပိန်ဝန်ကြီးချုပ်ကို ဆယ်ကျော်သက်တဦးက ထိုးလိုက်ပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်အရ ထိုးလိုက်တဲ့လူငယ်ဟာ အသက် ၁၇ နှစ်အရွယ်လို့ ခန့်မှန်းထားပြီး ကိုယ်ထိလက်ရောက် မထိုးကြိတ်ခင် ၀န်ကြီးချုပ် မာရီယာနိုရေဂျိုရဲ့ ဘေးမှာ ရှိနေပါတယ်။ ရေဂျိုကတော့ တိုက်ခိုက်မှုကြောင့် အထိမနာခဲ့ပေမယ့်လည်း မျက်နှာမှာတော့ အထိုးခံရတဲ့ ဒဏ်ရာက ရှိနေပါတယ်။ ထိုးနှက်ခဲ့တဲ့ လူငယ်ကတော့ အဖမ်းခံရစဉ်မှာ လက်မြှောက်ပြီး အောင်မြင်တဲ့ အမှတ်အသားအဖြစ် လက်မ ထောင်ပြခဲ့ပါတယ်။ စပိန်နိုင်ငံဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး စီးပွားရေး အခြေအနေကို ရင်ဆိုင်နေရပေမယ့် ရာဂျိုရဲ့ လက်ရှိအာဏာရပါတီက ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေထဲမှာ စပိန်က အလုပ်လက်မဲ့လူငယ် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အောက် အလုပ်ရှာနေတဲ့ လူငယ်တ၀က်ဟာ အလုပ်ကို ရှာမရ ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up