A d v e r t i s e m e n t With Us

ဖီဖာ ကြားနာမှု ပလာတီနီ သပိတ်မှောက်မည်

ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ဒီဇင်ဘာ ၁၈ ရက် ကြားနာမှုတွေကို ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ထားခြင်းခံရတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီက သပိတ်မှောက်သွားမှာ ဖြစ်ပါတယ်။ ပလာတီနီရဲ့ ရှေ့နေတွေကတော့ ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ပလာတီနီကတော့ သူ့ရဲ့ကိစ္စကို လွတ်လပ်မှုကင်းကင်းနဲ့ ဘက်မလိုက်ဘဲ ဆုံးဖြတ်ချက် ချမှတ်စေချင်တယ်လို့ ပြောပါတယ်။ ပလာတီနီဟာ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာဆီကနေ ပေါင် ၁ ဒသမ ၃၅ သန်း ရယူထားတယ်ဆိုတဲ့ စွပ်ချက်နဲ့ စွပ်စွဲခံနေရပြီး ရာထူးကနေ ဆိုင်းငံ့ခံရသလို စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။ ဒီစွဲချက်ကြောင့် ဘလတ္တာလည်း ရာထူးကနေ ဆိုင်းငံ့ထားခြင်းခံရသလို ဒီဖြစ်ရပ်အတွက် ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒီဇင်ဘာ ၂၁ ရက်ထက်စောပြီး ဆုံးဖြတ်ချက် ချသွားနိုင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up