A d v e r t i s e m e n t With Us

ခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံဖြင့် ရေလွှာလျှောစီးမှု ကမ္ဘာ့စံချိန်တင် (ရုပ်သံ)

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က ဘွန်ဒီကမ်းခြေမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က ရေလွှာလျှောစီးသမား ၃၂၀ ဟာ ခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံတွေ ၀တ်ဆင်ပြီး ကမ္ဘာ့စံချိန်တင် ရေလွှာလျှောစီးခဲ့ကြပါတယ်။ ဂီးနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က ဒါဟာ အကြီးမားဆုံး ရေလွှာလျှောစီး လေ့ကျင့်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ပါဝင်ကြတဲ့ ရေလွှာလျှောစီးသမားတွေဟာ ပျော်ရွှင်နေကြပုံပေါ်ပြီး ပွဲစီစဉ်သူတွေဟာ ဂီးနက်စ်စံချိန်တင်နိုင်ဖို့ ရည်ရွယ်ကာ လူပေါင်း ၂၅၀ ထိ ပါဝင်ဖို့ ပစ်မှတ်ထားခဲ့ကြတာပါ။ ဒီအခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ “လှိုင်းတလုံး” အဖွဲ့ဟာ အကျိုးအမြတ်မယူတဲ့ ပရဟိတ ရေလွှာလျှောစီးအဖွဲ့ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးနိုင်ဖို့ ရည်ရွယ်တာလို့ သြစတြေးလျ သတင်းမီဒီယာက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up