A d v e r t i s e m e n t With Us

ဘရာဇီး အောက်လွှတ်တော် ပြောခွင့်ရပုဂ္ဂိုလ်၏အိမ်ကို ရဲများ စီးနင်းရှာဖွေ

ဘရာဇီးအောက်လွှတ်တော် ပြောခွင့်ရ၏ နေအိမ်ကို တာဝန်ရှိသူများ ရှာဖွေပြီး ပြန်လည်ထွက်လာစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
ဘရာဇီး ပြည်ထောင်စုရဲတွေက အောက်လွှတ်တော် ပြောခွင့်ရ အဒ်ဒွါဒို ကန်ဟာနဲ့ ဝန်ကြီး ၂ ဦးတို့ရဲ့ အိမ်တွေကို ဒီဇင်ဘာ ၁၅ ရက်နေ့က စီးနင်းခဲ့ပါတယ်။ ဒီစီးနင်းမှုဟာ ကြီးမားတဲ့ အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းလည်း ဖြစ်သလို သမ္မတ ဒယ်လ်မာ ရောင်ဆဲ့ဖ်ရဲ့ အဓိက ညွန့်ပေါင်းမိတ်ဘက်တွေကို ထိုးနှက်မှုလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုရဲတွေက စုံစမ်းစစ်ဆေးမှုအတွင်း နိုင်ငံရဲ့ ပြည်နယ် ၇ ခုမှာ ရှာဖွေ သိမ်းဆည်းမှု ၅၃ ကြိမ် လုပ်ခဲ့ပြီး ရီယိုဒီဂျနေရိုနဲ့ ဘရပ်စီးလီးယားမြို့တွေမှာရှိတဲ့ အောက်လွှတ်တော် ပြောခွင့်ရရဲ့ အိမ်တွေလည်း ပါခဲ့တယ်လို့ ပြောပါတယ်။ အစိုးရပိုင် ရေနံကုမ္ပဏီ ပေထရိုဘရပ်စ်ကို မူဝါဒဆိုင်ရာ ကျောထောက်နောက်ခံ ပေးမှုနဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေကို စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက် စီးနင်းမှုအတွင်း ပစ်မှတ်အဖြစ် အတည်ပြုထားတဲ့ လူအများစုဟာ ဘရာဇီး ဒီမိုကရက်တစ် လှုပ်ရှားမှုပါတီနဲ့ သက်ဆိုင်နေပါတယ်။ အောက်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့ ကျင့်ဝတ်ကော်မတီကလည်း လွှတ်တော်ပြောခွင့်ရကို ဆွစ်ဇာလန်နိုင်ငံက ဘဏ်အကောင့် လိမ်လည်မှုအတွက် စုံစမ်းစစ်ဆေးဖို့ ဒီဇင်ဘာ ၁၅ ရက်နေ့ကပဲ မဲပေးခဲ့ကြပါတယ်။ သူ့ရှေ့နေကတော့ ရဲတွေမှာ သက်သေမရှိကြောင်း စီးနင်းမှုတွေက ပြနေတယ်လို့ ကျင့်ဝတ်ကော်မတီဝင်တွေကို ပြောပါတယ်။ သတ္တုတွင်းနဲ့ စွမ်းအင်ဝန်ကြီးဟောင်း အယ်ဒီဆင် လိုဘောင်နဲ့ အောက်လွှတ်တော်အမတ် အနီဘယ်လ် ဂိုမဲ့ဇ်တို့ရဲ့ အိမ်တွေကိုလည်း ပစ်မှတ်ထားပြီး စီးနင်းခဲ့ပါတယ်။ ကန်ဟာနဲ့ နီးကပ်တဲ့ မဟာမိတ် သိပ္ပံဝန်ကြီး၊ ခရီးသွားလုပ်ငန်းဝန်ကြီးနဲ့ လွှတ်တော်ပြောခွင့်ရဟောင်းတို့ရဲ့ အိမ်တွေကိုလည်း ရှာဖွေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up