ဂေါ်ရီလာ လှောင်အိမ်ထဲကို ကျသွားသည့် ၅ နှစ်ကလေးငယ် (ရုပ်သံ)

11.3K
အင်္ဂလန်နိုင်ငံ တရိစ္ဆာန်ရုံတခုမှ ၅ နှစ် ကလေးငယ်ဟာ ဂေါ်ရီလာတွေနေတဲ့ လှောင်အိမ်ထဲကို ပြုတ်ကျသွားပါတယ်။
ပြုတ်ကျသွားတဲ့နောက် ကလေးငယ်က သတိမေ့မျောသွားပါတယ်။ ဒါကို ဂေါ်ရီလာတွေက ကလေးငယ်အနီးကို လာရောက် ကြည့်ရှုခဲ့ရာမှာ တရိစ္ဆာန်ရုံထဲက လူတွေက ကလေးရဲ့ လုံခြုံရေး အတွက် စိုးရိမ်ခဲ့ကြပါတယ်။
ဒီနောက်မှာတော့ ကလေးငယ်က သတိပြန်ရလာပြီး ငိုကြွေးခဲ့ရမှာ ဂေါ်ရီလာတွေက ထွက်ပြေးသွားပါတယ်။
ဒီနောက်မှာ ကလေးငယ်ကို တာဝန်ရှိသူတွေက ကယ်တင်ခဲ့ကြပါတယ်။ ကလေးငယ်က ပွန်းပဲ့ ဒဏ်ရာကလွဲပြီး ဒဏ်ရာကြီးကြီးမားမား မရခဲ့ပါဘူး။
၂၀၁၅ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို ကင်မရာနဲ့ လူတဦးက မှတ်တမ်းတင်ခဲ့ပြီး အင်တာနက် ယူကျူ စာမျက်နှာပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။