နယူးဇီလန် အလံသစ် ပြည်သူများ မဲပေးရွေးချယ်

703
နယူးဇီလန်အလံကို ဒီဇိုင်းအသစ်နဲ့ လဲလှယ်ဖို့ မဲပေးရွေးချယ်နေကြတာမှာ နောက်ဆုံးမဲတွေ ရေတွက်ပြီးချိန် အနက်အပြာစပ်နဲ့ အဖြူရောင်ဖန်းရွက်နဲ့ ဒီဇိုင်းသစ်ကို နယူးဇီလန် ပြည်သူတွေက အတည်ပြု ရွေးချယ်လိုက်ကြပါတယ်။
ဒီ ဒီဇိုင်းသစ်နဲ့ အလံကို အလံဟောင်းနေရာမှာ အစားထိုး၊ မထိုးကိုတော့ လာမယ့် မတ်လထဲမှာတခါ ဒုတိယအဆင့် လူထုဆန္ဒခံယူပွဲ ကျင်းပဦးမှာ ဖြစ်ပါတယ်။
နယူးဇီလန် အလံသစ်အတွက် အခုရွေးချယ်လိုက်တဲ့ ဒီဇိုင်းနဲ့ အလံကို ဖြစ်ဖို့များတယ်ဆိုပြီး ပြီးခဲ့တဲ့တပတ် ဒီဇင်ဘာ ၁၁ ရက်နေ့ကတည်းက သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။
ဒီ ဒီဇိုင်းနဲ့တူပြီး အနက်နေရာမှာ အနီရောင်နဲ့ အလံကတော့ ဒုတိယနေရာက ကပ်ပြီး လိုက်နေတယ်လို့ ဆိုပါတယ်။
ဒီဇိုင်း ၂ ခုလုံးကို နယူးဇီလန် ဗိသုကာပညာရှင်တဦးက ဒီဇိုင်းထုတ် ရေးဆွဲခဲ့ပြီး နယူးဇီလန်ပြည်သူ ၄၉ ရာခိုင်နှုန်း၊ လူဦးရေ ၁ သန်းခွဲက မဲပေးရွေးချယ်ခဲ့တယ်လို့ အလံရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
ဒီ အလံသစ်ရွေးချယ်တဲ့ကိစ္စအားလုံး အမေရိကန်ဒေါ်လာ ၁၈ သန်း ကုန်ကျနိုင်တယ်လို့ တွက်ချက်ထားပါတယ်။
လူအတော်များများကလည်း နောက်ဆုံးအဆင့်ကို တက်လာတဲ့ ဒီဇိုင်းသစ် ၅ မျိုးလုံးဟာ ဘာမှ ဆွဲဆောင်မှုမရှိဘူး ဆိုပြီးတော့ ပြစ်တင်ဝေဖန် ပြောဆိုမှုတွေလည်း ရှိပါတယ်။
နယူးဇီလန်အလံဟောင်းက သြစတြေးလျအလံနဲ့ အတော့်ကို ဆင်တူပြီး ဗြိတိန်အလံဖြစ်တဲ့ ယူနီယံဂျက် အမှတ်တံဆိပ်ကိုလည်း နယူးဇီလန်အလံက ဖယ်ရှားသင့်ပြီဆိုပြီး လက်ရှိဝန်ကြီးချုပ် ဂျွန်ကီးက အလံသစ်ရွေးချယ်ဖို့ ထောက်ခံပေးခဲ့တာပါ။