A d v e r t i s e m e n t With Us

ကလေးမြို့ ခရီးသည်တင်ကားပေါ်မှ သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ကလေးမြို့ ကားကြီးကွင်းမှာရှိတဲ့ ကားတစီးပေါ်က ခရီးသည်တဦးရဲ့ အိတ်တွေထဲမှာ သိန်းပေါင်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဆူဒိုအက်ဖီဒရင်း ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်လှဟန်က ပြောပါတယ်။ ဒီ့ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့က သတင်းအရဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီ့ ဆူဒိုအက်ဖီဒရင်း ဆေးပြားတွေ ဟာ ဘိန်းချက်ရာမှာလည်း အသုံးပြုနိုင်တဲ့ ကုန်ကြမ်းတမျိုးလည်း ဖြစ်ပါတယ်။ ဖမ်းဆီးမိခဲ့တဲ့ တရားမဝင် ဆူဒိုဆေးပြားတန်ဘိုးမှာ ကျပ်သိန်းပေါင်း ၁ ထောင့် ၈၀ သိန်း (၁၀၈၀၀၀၀၀၀) ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆေးပြားတွေနဲ့အတူ ဖမ်းမိသူဟာ ကလေးမြို့ သာစည်အုပ်စု ရှားတောရွာ နေသူဖြစ်ပြီး၊ သူ့ကိုတော့ ကလေးမြို့မရဲစခန်းက မူးယစ်ဆေးဝါးအမှုတွေနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်

A d v e r t i s e m e n t With Us

More News
Up