A d v e r t i s e m e n t With Us

ကမ္ဘာ့အပျော့ပြောင်းဆုံး အမျိုးသမီး (ရုပ်သံ)

ကမ္ဘာ့ပေါ်မှာ အပျော့ပြောင်းဆုံးအမျိုးသမီးက ကိုယ်ဟန်ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ၂၀၁၆ ပြက္ခဒိန်ကို ရိုက်ကူးလိုက်ပါတယ်။ ရုရှားဖွား ကျွမ်းဘားကစားသမား ဇာလာတာက အ၀တ်အစားအမျိုးမျိုးဝတ်ဆင်ပြီး ခန္ဓာကိုယ်ကို ကွေးညွတ်ကာ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ အသက် ၂၉ နှစ် ဇာလာတာက ခင်ပွန်းနဲ့ ကွာရှင်းပြီးတဲ့နောက် သူရဲ့ ဆွဲဆောင်မှု ညှို့အားကို ပြက္ခဒိန်မှာ ပြချင်တယ်လို့ ပြောပါတယ်။ ဇာလာတာဟာ အသက် ၄ နှစ်အရွယ်မှာ ခန္ဓာကိုယ်က ပျော့ပြောင်း ကွေးညွတ်လို့ရတဲ့ ပါရမီကို သတိထားမိပြီး ဆပ်ကပ်ကျောင်းက ခန္ဓာကိုယ်ကို ကျွမ်းကျင်စွာ ကွေးညွတ်ပြတတ်တဲ့သူတဦး ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ခြေထောက်ကို အသုံးပြုပြီး တမိနစ်အတွင်းမှာ ဘီယာပုလင်းဖုံးတွေကို အများဆုံးဖွင့်နိုင်တဲ့သူအဖြစ် ကမ္ဘာ့ဂရင်းနစ်မှတ်တမ်း စံချိန်တင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up