A d v e r t i s e m e n t With Us

ဘားတန်းထိအောင် မကန်နိုင်သဖြင့် ဂိုးပေါက်ကို ခါးကုန်းစောင့်ရသည့် မူလာ (ရုပ်သံ)

ဂျာမနီ ဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ် ကစားသမားတွေ လေ့ကျင့်ရေးဆင်းရာမှာ ကစားသမားတွေက ဂိုးဘားတန်းထိအောင် ကန်သွင်း လေ့ကျင့်ခဲ့ပါတယ်။ ဂိုးဘားတန်းထိအောင် ကန်နိုင်ရင် ၁ မှတ်၊ ဂိုးဘားတန်းထိပြီး ထွက်လာတဲ့ဘောလုံးကို ပြန်ကန်သွင်းနိုင်ရင် ၃ မှတ် ထားပါတယ်။ ဒီလို ကန်သွင်းလေ့ကျင်ရာမှာတော့ သောမတ်မူလာက အမှတ်အနည်းဆုံးရခဲ့တဲ့အတွက် ဂိုးပေါက်ကို ကျောပေးပြီး ခါးကုန်းထားတာကို တခြားကစားသမားတွေက ထိအောင် ကန်သွင်းခွင့် ပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ဘိုင်ယန်မြူးနစ်အသင်းက လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖြန့်ဝေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up