A d v e r t i s e m e n t With Us

တပ်မတော်(လေ) တပ်တော်ဝင်အခမ်းအနားမြင်ကွင်း (သတင်းဓာတ်ပုံ)

မန္တလေးတိုင်း မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းမှာ ဒီဇင်ဘာ ၁၅ ရက်က ၆၈ နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့နဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ တပ်တော်ဝင်အခမ်းအနားကျင်းပပါတယ်။ ဒီအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး တပ်မတော်ကို ခေတ်မီတပ်မတော် (Standard Army) ဖြစ်စေရေးအတွက် တည်ဆောက်နေရာမှာ တပ်ဖွဲ့အလိုက် တိုက်စွမ်းရည်မြင့်မားဖို့ လိုအပ်တဲ့အတွက် တစ်ဦးချင်း အရည်အချင်းရှိသူတွေ ဖြစ်အောင် လေ့ကျင့်ပျိုးထောင်သွားဖို့လိုကြောင်း ပြောကြားခဲ့ တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာရေးပါတယ်။ အခုလို လေယာဉ်တွေနဲ့ တပ်တော်ဝင်နိုင်ခြင်းဟာ တပ်မတော်(လေ)အတွက် တိုက်စွမ်းအား တိုးတက်လာစေမှာဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ပြည့်ပြည့်၀၀ ထမ်းဆောင်နိုင်မှာ ဖြစ်ကြောင်း၊ လေယာဉ်၊ ရဟတ်ယာဉ်တွေကို အန္တရာယ်ကင်း ဘေးရှင်းစွာ ပျံသန်းမောင်းနှင်ပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက် အကျိုးရှိအောင် လေ့ကျင့်သုံးစွဲကြဖို့လည်း တိုက်တွန်းသွားပါတယ်။ ဓာတ်ပုံ - Senior General Min Aung Hlaing

A d v e r t i s e m e n t With Us

More News
Up