A d v e r t i s e m e n t With Us

စည်းကမ်းထိန်းသိမ်းရေး ကော်မတီ စစ်ဆေးမှု စစ်ကြောရေးနှင့်တူဟု ဘလတ္တာ ပြော

ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာက စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ စစ်ဆေးမှုတွေဟာ စစ်ကြောရေးနဲ့ တူတယ်လို့ ပြောပါတယ်။ ၂၀၉ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွေဆီကို ပို့တဲ့ စာတွေထဲမှာ ဘလတ္တာက အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး အပြစ်ကင်းတယ်လို့ ပြောဆိုထားပါတယ်။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ အမြင့်မားဆုံး ပြစ်ဒဏ်ကို ရှာဖွေနေတယ်လို့ စွပ်စွဲလိုက်ပြီး ဒီလုပ်ရပ်ဟာ စစ်ကြေးရေးကိုစိတ်ထဲမှာ အမှတ်ရစေတယ်လို့ ဘလတ္တာက ပြောပါတယ်။ ဘလတ္တာရဲ့ စာထဲမှာ ပလာတီနီကို ပေးလိုက်တဲ့ငွေကြေးဟာ နှုတ်ပိုင်းဆိုင်ရာ သဘောတူညီချက်နဲ့ ပေးလိုက်တာလို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖီဖာအတွက် ကောင်းတဲ့ နှစ်တခု ဖြစ်မယ်လို့လည်း စာထဲမှာရေါ်ပါတယ်။ အောက်တိုဘာလမှာ ဘလတ္တာဟာ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီနဲ့ အတူ ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံထားရတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ပေါင် ၁.၃၅ သန်းပေးချေမှုနဲ့ ပတ်သက်ပြီးစုံစမ်းနေတာ ဖြစ်ပါတယ်။ ပလာတီနီနဲ့ ဘလတ္တာတို့ ၂ ဦးလုံးကို ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကြားနာမှုတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up