ဟန်ဆောင် လဲချသည့်အတွက် ပြိုင်ပွဲအဖြစ် သတ်မှတ်မခံရသည့် မွေထိုင်း (ရုပ်သံ)

2.9K
ထိုင်းနိုင်ငံက လက်ဝှေ့ပွဲတခုမှာ လက်ဝှေ့သမားတဦးက ဟန်ဆောင်လဲချတဲ့ အတွက် လက်ဝှေ့ပြိုင်ပွဲဟာ ထိုးသတ်ခြင်းမရှိတဲ့ ပွဲတခုလို့ ဒိုင်တွေက သတ်မှတ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၃ ရက် ပတ္တယားမှာ ထိုင်း လက်ဝှေ့သမား အိုက်ကာဖို့ တာလပ်နမ်နဲ့ ပြင်သစ်လက်ဝှေ့သမား ရိုဘိုကော့ ဗက်တာတို့ ထိုးတဲ့ ပွဲ ဒုတိယအချီမှာ ပြင်သစ် လက်ဝှေ့သမားကြောင့် လဲကျသွားတဲ့ အနေအထားဖြစ်အောင် ထိုင်း လက်ဝှေ့သမားက ဟန်ဆောင်လဲချခဲ့တာ ဖြစ်ပါတယ်။
ဒိုင်လူကြီးက အမှတ်စဉ် ၁၀ ထိ ရေတွက်ခဲ့ပေမယ့် ထိုင်း လက်ဝှေ့သမားက မထနိုင်အောင် ဟန်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်အနှေးပြကွက် ရုပ်သံဖိုင်မှာတော့ ပြင်သစ်လက်ဝှေ့သမားက ထိုင်းလက်ဝှေ့သမား လဲကျသွားအောင် ထိထိရောက်ရောက်မထိုးနိုင်ခဲ့တာကို တွေ့ရတဲ့ အတွက် မထိုးသတ်တဲ့ ပွဲအဖြစ် ဒိုင်တွေက ကြေညာခဲ့တာပါ။