ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ AIDS ဝေဒနာရှင်များနှင့်တွေ့ဆုံ (ရုပ်သံ)

2.3K
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီက လန်ဒန်မြို့ အရှေ့ပိုင်းက ခုခံအား ကျဆင်းမှု ကူးစက်ရောဂါသည်တွေကို စောင်ရှောက်ကုသပေးနေတဲ့ ဆေးရုံဆီ တနင်္လာနေ့က သွားရောက် လည်ပတ်ပါတယ်။
ဒါဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့မိခင်မင်းသမီး ဒိုင်ယာနာရဲ့ ခြေလှမ်းနောက်ကို လိုက်တာလို့ မီဒီယာတွေက အမွှန်းတင် ဖော်ပြပါတယ်။ မိုင်းလ်ဒ်မေ ဆေးရုံဟာ ၁၉၈၈ ခုနှစ်က AIDS နဲ့ ဆက်စပ်တဲ့ ဝေဒနာတွေကြောင့် သေလုဆဲဆဲ ဖြစ်နေတဲ့ လူနာတွေကို ပထမဆုံးကုသရာဌာန ဖြစ်ခဲ့တာပါ။
အတွင်းလူနာ ၂၆ယောက်ကို နေရာထိုင်ခင်းပေးမယ့် ဌာနအသစ်ကို မင်းသားဟယ်ရီက တရားဝင်ဖွင့်ပေးခဲ့ပါတယ်။ မင်းသမီး ဒိုင်ယာနာဟာ ဒီဆေးရုံကို အကြီးအကျယ် ပံ့ပိုးသူဖြစ်ပြီး အလုပ်သဘောအရရော ပုဂ္ဂိုလ်ရေးအရပါ လာရောက်လည်ပတ်လေ့ ရှိပါတယ်။
မင်းသမီး ဒိုင်ယာနာဟာ HIV/ AIDS လူနာတွေကို စောင့်ရှောက်ရာမှာ စံထားလောက်တဲ့ပုဂိုလ်အဖြစ် လူသိများပြီး လူနာတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့မှုရှိတဲ့ ပထမဆုံး တော်ဝင် မိသားစုဝင် ဖြစ်လာခဲ့ပါတယ်။
မင်းသားဟယ်ရီကတော့ သူ့မိခင်က ၁၉၉၁ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တဲ့ ဆေးရုံရဲ့ ဧည့်သည်တော် မှတ်တမ်းရဲ့ အောက်မှာ လက်မှတ်ထိုးခဲ့ပါတယ်။