မန်ယူချန်ပီယံဖြစ်နိုင်ရန် ခရစ္စမတ်ကာလတွင် ထူးကဲ့သည့် စွမ်းဆောင်ရည်မျိုးလိုအပ်ဟု ဗန်ဂါးလ် ပြော

650
မန်ချက်စတာယူနိုက်တက်အနေနဲ့ ချန်ပီယံဖြစ်နိုင်ဖို့ ခရစ္စမတ်ကာလမှာ ထူးကဲတဲ့ စွမ်းဆောင်ရည်မျိုး လိုအပ်နေပြီလို့ မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောဆိုလိုက်ပါတယ်။
ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ လောလောလတ်လတ် ထွက်ခွာသွားခဲ့ရသလို တန်းတက်ကလပ် ဘွန်းမောက်သ်ကို ဆက်တိုက်အရေးနိမ့်ပြီးနောက် နည်းပြအပေါ် ဝေဖန် ပြောဆိုမှုတွေ ဖိအားတွေ ရှိနေတာပါ။
ပရီးမီးယားလိဂ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်နောက် (၄)မှတ် ပြတ်ကျန်နေသလို တတိယ နေရာ လက်စတာက တပွဲလျော့ ၃ မှတ်အသာနဲ့ မန်ယူအပေါ်မှာ ရှိနေတာပါ။
ယူနိုက်တက်ဟာ နောက်တစ်ပတ်မှာ နောဝှစ်ခ်ျ စီးတီးနဲ့ အိမ်ကွင်း ကစားရမည်ဖြစ်ပြီး စတုတ်ခ်စီးတီးကို အဝေးကွင်းတွင် သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီဇင်ဘာ လကုန်ပိုင်းမှာတော့ လက်ရှိ ချန်ပီယံ ချယ်လ်ဆီးကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။