A d v e r t i s e m e n t With Us

အယ်ဇိုင်းမားရောဂါ ခံစားနေရသည့် အမေကို မအိပ်ခင် ကပြသည့် ထိုင်းမင်းသမီး (ရုပ်သံ)

ထိုင်းနိုင်ငံက လူမှုရေးကွန်ရက်မှာတော့ အိပ်ရာမ၀င်ခင် အယ်ဇိုင်းမား ရောဂါ ခံစားနေရတဲ့ အမေကို မင်းသမီးက ကပြနေတဲ့ ရုပ်သံဖိုင်ကို ပြန့်နှံ့နေပါတယ်။ မင်းသမီး နာပါပါ ပတ်တန်ထရာကွန်းက အိပ်ရာမ၀င်ခင် အမေပြုံးပျော်ရွှင်ဖို့ ကပြနေတဲ့ ဒီရုပ်ဖိုင်က ဒီဇင်ဘာ ၁၄ ရက်က စတင်ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ ပတ်ရဲ့ အင်စတာဂရမ် အကောင့်မှာ ရုပ်သံဖိုင်ကို ကြိုက်နှစ်သက်သူ ၂သောင်း ၂ ထောင်အထိ ရှိသွားပြီ ဖြစ်ပါတယ်။ အယ်ဇိုင်မားရောဂါခံစားနေရတဲ့ အမေကို ဖုန်းက ပေါ့ပ်သီချင်းဖွင့်ပြီး ကပြခဲ့ရာမှာ အမေကလည်း သမီးကို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ စီးပွားရေး ရုပ်သံတင်ဆက်မှုနဲ့ နာမည်ကြီးတဲ့ ပတ်က အမေအတွက် ကကြပါစို့ဆိုပြီး ရေးသားခဲ့သလို အမေကို ကောင်းကောင်း အိပ်စေချင်သလို အိမ်မက်လှလှ မက်စေချင်တယ်လို့ ပြောပါတယ်။ အင်တာနက်အသုံးပြုသူတွေက အသက် ၂၉ နှစ် မင်းသမီးရဲ့ အပြုအမှုကို ချီးကျူးခဲ့ပြီး တခြားသူတွေ အတွက် နမူနာကောင်းတခု ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up