A d v e r t i s e m e n t With Us

ယူရိုပါလိဂ်မှာ ဒိန်းမတ်အသင်းဖြင့် ကစားရမည့် မန်ယူ

ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက် အသင်းကတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဒိန်းမတ်ကလပ် မစ်ဂျလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်နေတဲ့ အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုကနေထွက်ခဲ့ရတဲ့ အသင်း ၃၂ သင်းကို မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မစ်ဂျလန် အသင်းဥက္ကဋ္ဌကတော့ အုပ်စုမှာ အင်္ဂလန်ကလပ် ဆောက်သင်တန်ကို နိုင်ဖူးခဲ့တဲ့ အတွက် နောက် အင်္ဂလန်အသင်းနဲ့ ကစားရမှာကို မကြောက်ဘူးလို့ ပြောပါတယ်။ တခြား ပရီးမီးယားလိဂ်က အသင်း လီဗာပူးကတော့ ဂျာမနီကလပ် အောစဘတ်၊ တောတင်ဟမ် ဟော့စပါးကတော့ အီတလီ စီးရီးအေက ဖီအိုရင်တီးနားတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ကစားမှာ ဖြစ်ပြီး ဒုတိယအကျော့ကတော့ ပထမအကျော့ပွဲစဉ် ကစားပြီး တပတ်အကြာမှာ ကစားမှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းတွေကတော့ ပထမအကျော့မှာ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up