A d v e r t i s e m e n t With Us

အာဆင်နယ်-ဘာစီလိုနာ၊ ချဲလ်ဆီး-ပီအက်စ်ဂျီတို့ တွေ့သည့် ချန်ပီယံလိဂ်

ချန်ပီယံလိဂ် အသင်း ၁၆ သင်းရဲ့ ဒုတိယအဆင့် ပြိုင်ပွဲမှာ အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ်က စပိန်လာလီဂါက ဘာစီလိုနာ ချဲလ်ဆီးက ပြင်သစ် ပီအက်စ်ဂျီ အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ယူကရိန်း ဒိုင်နမိုကိယက်ဗ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အီတလီ စီးရီးအေက ရိုးမားကတော့ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ရမှာ ဖြစ်သလို ဂျုဗင်တပ်အသင်းကတော့ ဘိုင်ယန်မြူးနစ်နဲ့ကစားရမှာ ဖြစ်ပါတယ်။ စပိန် အက်သလက်တီကို မက်ဒရစ်ကတော့ နယ်သာလန်က ပီအက်ဗွီ အိုင်ဟိုဗန်၊ ပေါ်တူဂီကလပ် ဘင်ဖီကာကတော့ ရုရှား စိန့် ပီတာစဗတ်၊ ဂျာမနီကလပ် ၀ှဖ်ဘတ်ကတော့ ဘယ်လ်ဂျီယံ ကလပ် ဂျန့် အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပထမကျော့ ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီ ၁၆-၁၇ နဲ့ ၂၃-၂၄ တွေမှာ ကစားကြမှာ ဖြစ်သလို ဒုတိယအကျော့တွေ့ကိုတော့ မတ် ၈-၉၊ ၁၅-၁၆မှာ ကစားကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up