A d v e r t i s e m e n t With Us

ချဲလ်ဆီးကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို ဦးဆောင်လိုက်သည့် လက်စတာ (ရုပ်သံ)

ဒီဇင်ဘာ ၁၅ ရက် မနက်က ကစားသွားတဲ့ လက်စတာနဲ့ ချဲလ်ဆီးအသင်းတို့ ပွဲစဉ်မှာ လက်စတာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ လက်စတာအတွက် ပထမပိုင်း ၃၄ မိနစ်မှာ ဗာဒီက ဦးဆောင်ဂိုးသွင်းယူပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ၄၈ မိနစ်မှာ မာရက်ဇ်က ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးအတွက် တလုံးတည်းသော ချေပဂိုးကို ရမ်မီက ၇၇ မိနစ်မှာ သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတဲ့ အတွက် ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ ဒီအတွက် လက်စတာအသင်းက ၁၆ ပွဲကစား ၃၅ မှတ်နဲ့ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်ဖြတ်ထားနိုင်ပါတယ်။ ချဲလ်ဆီးကတော့ ၁၆ ပွဲကစား ၁၅ မှတ်နဲ့ နံပါတ် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။  

A d v e r t i s e m e n t With Us

More News
Up