A d v e r t i s e m e n t With Us

တူရကီအစိုးရ၏ ရန်စတာတွေ ရပ်တံ့ရန် ရုရှအစိုးရ သတိပေးပစ်ခတ်

ဓာတ်ပုံ - GettyImages
ဆီးရီးယားနယ်စပ်နားက တပ်တွေကို ရန်စတာတွေ ရပ်တံ့ဖို့ ရုရှအစိုးရဟာ တူရကီအစိုးရကို ဒီဇင်ဘာ ၁၃ ရက်နေ့က သတိပေးလိုက်ပါတယ်။ အေဂျီယံပင်လယ်အတွင်း သင်္ဘောချင်း တိုက်မိမှုကို ရှောင်ဖို့ တူရကီသင်္ဘောတစီးကို ရုရှဖျက်သင်္ဘောက သတိပေးပစ်ခတ်ခဲ့ ရတယ်လို့ ရုရှကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီမတော်တဆမှုအတွက် ရုရှက တူရကီ စစ်သံမှူးကို ဆင့်ခေါ်ခဲ့ပါတယ်။ ရုရှဖျက်သင်္ဘောရဲ့ သတိပေးချက်ကို မတုံ့ပြန်တဲ့ တူရကီ ငါးဖမ်းသင်္ဘောတစီးဟာ စစ်သင်္ဘောနဲ့ မီတာ ၅၀၀ အကွာမှာ သတိပေးပစ်ခတ်အပြီးမှာမှ သိသိသာသာ လမ်းကြောင်းပြောင်း ခုတ်မောင်းခဲ့ တယ်လို့ ရုရှ ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက် အစောပိုင်း က ပြောပါတယ်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးကတော့ ဒီအရေးကို တူရကီအစိုးရက စုံစမ်းစစ်ဆေးနေပြီး သတင်းအချက်အလက်တွေ ပိုရှိလာချိန်မှာ ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောပါတယ်။ ရုရှနဲ့ ဆက်ဆံရေးတင်းမာမှုကို ဖြေရှင်းချင်တယ်လို့လည်း သူက ပြောတဲ့အကြောင်း TRT တာ့ခ် ရုပ်သံက ကြေညာပါတယ်။ ရုရှစစ်လေယာဉ်ကို တူရကီစစ်တပ်က ပစ်ချခဲ့အပြီး ရုရှ တူရကီ ဆက်ဆံရေး တင်းမာခဲ့တာပါ ရုရှသမ္မတ ဗလာဒီမာ ပူတင်က ဒီဖြစ်ရပ်ကို နောက်ကျော ဓားနဲ့ ထိုးတာလို့ ခေါ်ဝေါ် သုံးနှုန်းခဲ့ပြီး တူရကီအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up