A d v e r t i s e m e n t With Us

ဂရင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အရွယ်အစားအကြီးဆုံး ရေပေါ်ခရစ္စမတ်သစ်ပင် (ရုပ်သံ)

အခုနှစ်ရဲ့ ကမ္ဘာ့အရွယ်အစားအကြီးဆုံး ရေပေါ်ခရစ္စမတ်သစ်ပင်ကြီးကို အခုနှစ်မှာလည်း ဘရားဇီးနိုင်ငံ ရိုယိုမြို့မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ အမြင့် ၁၇၄ ပေ၊ အလေးချိန်တန်ချိန် ၃၈၆ တန်ရှိတဲ့ ဒီခရစ်စမတ်သစ်ပင်ကြီးကို ကမ္ဘာ့အကြီးဆုံး ရေပေါ် ခရစ္စမတ်သစ်ပင်အဖြစ် ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်က အသိအမှတ်ပြု မှတ်တမ်းတင် ထားတာပါ။ ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဒီသစ်ပင်ဖွင့်ပွဲကို ဒေသခံ ၂ သိန်းလောက် လာရောက် ကြည့်ရှုအားပေးခဲ့ကြပြီး အခုပွဲကို ကျင်းပလာတာ အနှစ် ၂၀ ဆက်တိုက်ရှိပြီလို့ ဆိုပါတယ်။ ဖွင့်ပွဲကို လာရောက်ကြည့်ရှုတဲ့ ဘရာဇီးဆရာမတဦးက အလွန်လှပတဲ့ မီးရူးမီးပန်း ပစ်လွှတ်တာတွေကို အခုလို လာရောက်ကြည့်ရှုခွင့်ရတာ တသက်လုံးအမှတ်ရစေမယ့် ထူးထူးခြားခြား အတွေ့အကြုံလို့ ပြောဆိုပါတယ်။ ဒီဖွင့်ပွဲမတိုင်ခင် ၂ ပတ်လောက်အလိုမှာ လေပြင်းတွေတိုက်ခတ်ပြီး ဒီခရစ္စမတ်သစ်ပင် သံဖရိန်ပြိုကျခဲ့လို့ ဒီ ဖွင့်ပွဲအစီအစဉ်ကိုလည်း ရက်နောက်ဆုတ်ခဲ့ရပြီး သစ်ပင်အမြင့်ပေ ကိုလည်း ပေ ၁၀၀ လောက်လျော့ချခဲ့ရပါတယ်။ အခု သစ်ပင်ဖွင့်ပွဲကျင်းပချိန်မှာကိုပဲ  မိုးခဏ ရွာခဲ့ပါသေးတယ်။ ဒီခရစ္စမတ်သစ်ပင်ကြီးမှာ ရောင်စုံမီးသီးပေါင်း ၂ သန်းခွဲ တပ်ဆင်ထားပြီး ရီယိုမြို့ကနေ ရှုခင်းအမျိုးမျိုးတွေ့မြင်ရအောင် ရေအိုင်အတွင်း ဒီခရစ္စမတ်သစ်ပင်ကြီးကို နေရာစုံ ပြောင်းရွေ့ထားရှိသွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up