ရက်ပ်သီချင်းဆိုတဲ့ သမ္မတ ကတော် မစ်ချဲလ် အိုဘားမား (ရုပ်သံ)

1.5K
အမေရိကန်သမ္မတကတော် မီရှဲအိုဘားမားဟာ “စနေနေ့ညလိုက်ဖ်ရှိုး”အစီအစဉ် ရဲ့စတား ဂျေးဖာရိုနဲ့အတူပါဝင်ထားတဲ့ ဂီတဗွီဒီယိုဟာ လတ်တလောမှာ အွန်လိုင်းပေါ် မှာရေပန်းစားနေပါတယ်။
“Go to College”လို့အမည်ပေးထားတဲ့ အဲဒီသီချင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကအိမ်ဖြူတော်မှတဆင့်ရိုက်ကူးပြီး CollegeHumor သတင်းမှာ ဖော်ပြခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဟာ အသက် ၁၄ နှစ်မှ ၁၉ နှစ်ကြား လူငယ်တွေကို ကောလိပ် ပညာရေးဆီတဆင့်ဆက်တက်ရာမှာ အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပြီး ကနဦးထွက် ရှိခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ “Better Make Room”ရုပ်သံဗွီဒီယိုဖိုင်ရဲ့ အစိတ်အပိုင်းတ ခုဖြစ်တယ်လို့ သတင်းကဆိုပါတယ်။
အမေရိကန်သမ္မတ အိုဘားမားက “ကျနော် ‘Better Make Home’ကို အောက် တိုဘာလတုန်းက ထုတ်လွှင့်ခဲ့တာပါ။ ကျောင်းမှာ ကြိုးစားပညာသင်ယူနေကြတဲ့ လူ ငယ်တွေကို အားပေးချင်တယ်။ သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ချိန်မှာ ဂုဏ်ပြုပေးချင်လို့ စိတ်ခွန်အားပေးပျော်ရွှင်စေချင်လို့ ဒါကိုလုပ်ခဲ့တာပါ”လို့ စီအန်အန် သတင်းဌာနကို ပြောခဲ့ပါတယ်။
သီချင်းဗွီဒီယိုဖိုင်မှာ သမ္မတ အိုဘားမားဟာ ‘မင်းတို့ မြင့်မြင့်ပျံချင်ရင် ကောလိပ် ကို သွားသင့်တယ်။ အမြင့်ဆုံးမှာ ကြွယ်ဝမှုတွေမရချင်ဘူးလား။ မင်းတို့ ခေါင်းထဲမှာ ဗဟုသုတတွေနဲ့ ဖြည့်ထားလိုက်ပါ’ဆိုတဲ့ ရက်ပ်စာသားတွေကို ပါဝင်သီဆိုခဲ့တာပါ။