ဖက်ဒရယ်စနစ်အခြေခံသည့် မြန်မာနိုင်ငံသစ်တည်ဆောက်နိုင်ရန် အကောင်းဆုံးရလဒ် ရလာနိုင်မည်ဟု ဦးအောင်မင်း ပြော











2.2K
လာမယ့်မြန်မာနိုင်ငံအနာဂတ်ကို ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ အချုပ်အခြာ တည်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာနိုင်ငံသစ်တည်ဆောက်နိုင်ဖို့ အကောင်းဆုံးရလဒ်တွေ ရလာနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးအောင်မင်းက ပြောပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက် ၁၀ နာရီက နေပြည်တော်ရှိ Horizone Lake View Hotel မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ရဲ့ တတိယ အကြိမ်မြောက် အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။
ဒီအစည်းအဝေးကနေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်မယ့် အစုအဖွဲ့တွေရဲ့ ကိုယ်စားလှယ် အချိုးအစားကိုလည်း ကျေကျေလည်လည်ဖြေရှင်းနိုင်ဖို့ ယုံကြည်တယ်လို့ အစိုးရအဖွဲ့ကိုယ်စားလှယ် UPDJC ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေသစ်နဲ့ ကိုက်ညီမယ့် ကိုယ်စားလှယ်အချိုးအစားကို သတ်မှတ်နိုင်မယ်လို့လည်း မျှော်လင့်တယ်လို့ ပြောပါတယ်။
နိုင်ငံရေးအခင်းအကျင်းသစ်ကို လက်ခံနိုင်ရင် ကျန်ရှိနေသေးတဲ့ ပြဿ နာတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။