အလုံမြို့​နယ် ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ အ​ပြောင်း​အလဲ ပြည်သူကို အသိမ​ပေး

ရန်ကုန် အလုံမြို့​နယ်မှာ မ​နေ့​ကစပြီး​ အာဏာပိုင်​တွေက ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ အသစ်ခန့်​ရာမှာ ပြည်သူ​တွေရဲ့​ ဆန္ဒကို မယူဘဲ ကြံ့​ခိုင်​ရေး​ ပါတီဝင်​တွေနဲ့​ အရင် ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ဟောင်း​တွေကို ပြန်ခန့်​နေတယ်လို့​ အလုံမြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်တာဝန်ခံ ကိုလူ​မော်လတ်က ​ပြောပါတယ်။ အလုံမြို့​နယ်မှာ ရပ်ကွက် ၁၁ ခုရှိပြီး​ ကြံ့​ခိုင်​ရေး​ပါတီက မဲအနိုင်ရတဲ့​ ၄ ရပ်ကွက်မှာ​တော့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​သစ်ကို မလဲဘဲ ကျန်ရပ်ကွက်ကို အုပ်ချုပ်​ရေး​မှူသစ်ကို ခန့်​ပါတယ်။ ဒါ​ပေမယ့်​ အရင်အစိုး​ရဝန်ထမ်း​တွေကိုသာ ထည့်​နေတဲ့​အတွက် ​ဒေသခံ​တွေ မ​ကျေမနပ် ဖြစ်ကြရတယ်လို့​ သူက အခုလို ​ပြောပါတယ်။ “​ရွေး​ကောက်ပွဲမှာ သူတို့​မဲနိုင်တဲ့​ သစ်​တောရယ်၊​ ဆင်း​မင်း​ရယ်၊​ ဂဋ္ဌုန်ရယ်၊​ လွတ်လပ်​ရေး​ရယ် အဲဒါ ​လေး​ရပ်ကွက်က သူတို့​ မဲနိုင်တဲ့​နေရာ​တွေ မလဲဘူး​။ မဲရှုံး​တဲ့​ ရပ်ကွက်​တွေ လဲတယ်။ ​စော​နောက်တို့​၊​ ​စော​ရှေ့​တို့​ လဲတယ်။ လဲ​တော့​ ကျ​နော်တို့​ ​စောရန်ပိုင် အ​နောက်ရပ်ကွက်မှာဆိုရင် ဒီလဲတဲ့​ ဦး​ထွန်း​ထွန်း​ဆိုတာ အရင်တုန်း​က ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ အလုပ်အမှု​ဆောင်​ပေါ့​ဗျာ။ ​စော​ရှေ့​ရပ်ကွက်ကို ကြည့်​လိုက်​တော့​လည်း​ မဆလ လက်ထက်က ရပ်ကွက်​ကောင်စီဥက္ကဋ္ဌ ဦး​စိုး​။ ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​နဲ့​ မဆလ လက်ကျန်​တွေကို အစား​ထိုး​တာ ​တွေ့​ရ​တော့​ ​တော်​တော်​လေး​ ပြည်သူလူထုက ခံစား​ရတယ်။ သူတို့​ ဒီဖွဲ့​စည်း​အုပ်ချုပ်ပုံဥပ​ဒေ ပုဒ်မ ၂၈၉ ပြဋ္ဌာန်း​ထား​တာက ရပ်ကွက်က ကြည်ညို​လေး​စား​တဲ့​ လူ​တွေ ဖြစ်ရမယ်ဆို​တော့​ ဒီလို ​ရွေး​တဲ့​နေရာမှာ ပြည်သူ​တွေရဲ့​ ဆန္ဒက ဒီမိုက​ရေစီဆန်ဆန် ​အောက်​ခြေက​နေ တင်​မြှောက်​စေချင်တယ်။” အလုံမြို့​နယ်​နေ ပြည်သူအ​နေနဲ့​ အနည်း​ဆုံး​ ရပ်ကွက် ဆယ်အိမ်မှူး​ နှစ်​ယောက်​လောက်ကို ​ခေါ်ပြီး​ ရပ်ကွက် အုပ်ချုပ်​ရေး​မှူး​ကို ​ရွေး​ချယ်​စေချင်တယ်လို့​ ​ပြောပါတယ်။ အလုံမြို့​နယ် အဖွဲ့​ချုပ်အ​နေနဲ့​ ဒီကိစ္စကို​စောင့်​ကြည့်​ပြီး​ နိုင်ငံ​တော်လူကြီး​နဲ့​ အဖွဲ့​ချုပ် ဗဟိုဌာနချုပ်ကို အစီရင်ခံစာတင်မှာ ဖြစ်တယ်လို့​ ကိုလူ​မော်လတ်က ​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up