ကလေးမြို့မှ မန္တလေးမြို့သို့ ထွက်ခွာသည့်ယာဉ် ချောက်ထဲကျ လူ ၇ ဦးသေဆုံး
DVB
·
December 14, 2015
ကလေးမြို့ကနေ မန္တလေးမြို့ဆီထွက်ခွာသွားတဲ့ ထွန်းတောက်ကားဟာ ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁ နာရီကျော်မှာ ဂန့်ဂေါမြို့နယ် ပုံညာတောင်အဆင်း ပုံညာဥမင်လမ်းခွဲနားတွင် အရှိန်မထိန်း နိုင်ဘဲ ချောက်ထဲ ကျသွားတဲ့အတွက်စပယ်ယာအပါအဝင် အမျိုးသား ၅ဦး၊ အမျိုးသမီး ၂ ဦးတို့ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၄ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။
ဒဏ်ရာရရှိသူတွေကို ကျောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရသဖြင့် မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်မယ်လို့ သိရပါတယ်။
ကားပေါ်မှာ စုစုပေါင်း ၁၂ ဦးပါဝင်ပြီး ကုန်များတင်ဆောင်လာတဲ့ ခရီးသယ်တင်လိုင်းကား ဖြစ်ပါတယ်။
ယခုလထဲတွင် ထွန်းတောက်ယာဉ်လိုင်းမှု မတော်တဆမှု ၂ ခုရှိသွားပြီဖြစ်ပြီး ၂ ခုလုံး လူအသေအပျောက် ရှိခဲ့ပါတယ်။
သတင်းဓာတ်ပုံ - လေးမဟာ