ထိုင်း-မြန်မာ ချစ်ကြည်ရေး ခရစ္စမတ်ပွဲတော် ပြုလုပ်

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး အနေနဲ့ ခရစ္စမတ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားတခုကို ဒီဇင်ဘာ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို မဲဆောက်မြို့ရှိ ဘောလုံကွင်းထဲမှာ ပြုလုပ်ခဲ့ပြီး မဲဆောက်မြို့တော်ဝန် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ကြောင်း ထိုင်း မန်နေဂျာ အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါပွဲကို ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ လူဦးရေ ၁၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သတင်းမှာ ရေးထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up