A d v e r t i s e m e n t With Us

အမျိုးသမီး ၁၈ ဦးအား အဓမ္မပြုကျင့်သူ ရဲအရာရှိကို ထောင်ဒဏ် ၂၆၃ နှစ်ချမှတ်ရန် တောင်းဆို

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်က ရဲအရာရှိတဦးဟာ အမေရိကန် လူမည်းအမျိုးသမီး ၁၈ ဦးကို အဓမ္မပြုကျင့်မှုတွေနဲ့ ပြစ်မှုထင်ရှားကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ အသက် ၂၉ နှစ် အရွယ် အမေရိကန်နဲ့ အာရှသွေးစပ်သူ ရဲအရာရှိဟောင်း ဒယ်နီရယ် ဟော့ဇ်ကလော Daniel Holtzclaw ဟာ သူကင်းလှည့်စဉ်အတွင်း တွေ့ဆုံတဲ့ လူမည်းအမျိးသမီးတွေကို ရပ်တန့်ရှာဖွေပြီး အတင်းအကျပ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာပြစ်မှုအားလုံး ၃၆ မှုမှာ အသက် ၅၀ ကျော် အမျိုးသမီးတဦးနဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦးတို့ကို အဓမ္မပြုကျင့်မှုတွေလည်း ပါဝင်ပါတယ်။ ပြစ်မှု ၁၈ မှုမှာ ပြစ်မှုထင်ရှားပြီး လာမယ့် ဇန်န၀ါရီလ ၂၁ ရက်နေ့ ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။ တရားသူကြီးအဖွဲ့ကတော့ ပြစ်မှုတွေအားလုံးအတွက် ထောင်ဒဏ် ၂၆၃ နှစ်ချမှတ်ဖို့ တောင်းဆိုထားပါတယ်။ ဒီနေ့တော့ တရားမျှတမှုကို ရရှိပြီး ယူနီဖောင်းဝတ် ရာဇ၀တ်သားကတော့ ထောင်ဒဏ်ကျခံရတော့မယ်လို့ အိုကလာဟိုးမား ခရိုင်တရားသူကြီးတဦးက ပြောဆိုပါတယ်။ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့တဲ့နေ့ဟာ ဒယ်နီရယ် ဟော့ဇ်ကလောရဲ့မွေးနေ့နဲ့ တိုက်ဆိုင်ခဲ့တဲ့အတွက် အဓမ္မ ပြုကျင့်ခံရသူအမျိုးသမီးတွေက သူ့ကို Happpy Birthday နဲ့ သီဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒယ်နီရယ်ရဲ့အမှုဟာ အင်တာနက်လူမှုကွန်ရက်တွေမှာ စိတ်ဝင်စားသူအတော်များပြားပြီး သတင်းမီဒီယာကြီးတွေက ရှေ့တန်းတင်ဖော်ပြမှု မရှိတာတွေအပေါ်မှာလည်း ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up