ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် အမျိုးသမီးကို ထိုင်းရဲဝန်ထမ်း ကယ်တင် (ရုပ်သံ)

4.1K
ထိုင်းနိုင်ငံ ဥဒေါင်းဌာနေခရိုင်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့သူ အမျိုးသမီးတဦးရဲ့ အသက်ကို ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ကယ်တင်ခဲ့ပါတယ်။
ဒေသခံတွေ သတင်းပေးချက်အရ အဆုံးစီရင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးရဲ့ အခန်းကို ရဲ အပါအ၀င် အရေးပေါ် ကားမှာပါတဲ့ သူနာပြုတွေနဲ့ သွားရောက်ပါတယ်။
သေဆုံနေပြီးလို့ ထင်ရတဲ့ အဲဒီအမျိုးသမီးကို အဆိုပါ ရဲဝန်ထမ်းက နှလုံးခုန်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ရုပ်သံဖိုင်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က sanook သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီရုပ်သံဖိုင်ဟာ ထိုင်းလူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် ရဲဝန်ထမ်းကို ချီးကျူးနေကြပါတယ်။